အပိုင်း(၅၆) ဘယ်တွေသွားနေခဲ့တာလဲ ယောက်ျား

113 16 0
                                    

      သန်မာသောအမျိုးသမီးများသည်လည်း မိန်းမသားများပင် ဖြစ်ပေရာ တစ်ခါတစ်ရံတွင် ၎င်းတို့သည်လည်း အားကိုးဖော် ယောက်ျားသားကို လိုအပ်လာတတ်ကြသည်။
      လျိုယင်၏ မျက်လုံးထဲတွင် ရှလေသည် သူမအတွက် အားကိုးထိုက်သည့်သူ ဖြစ်နေသည်။

     ရှလေ တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက်
      “ဒီလိုပဲနေလိုက်ရင် သူတို့က ပိုဆိုးလာလိမ့်မယ်။ ဒီကိစ္စကို ဘယ်လိုထင်လဲ။ အခု သူတို့က သူခိုးကိုလည်း လွှတ်ခဲ့တယ် ပြီးဝောာ့ စာပို့ပြီးလည်း ခြိမ်းခြောက်တယ်။ ဒါကို လုပ်စရာရှိတာ ပြန်မလုပ်ရင် သူတို့က အစ်မကိုကော၊ ကလေးကိုကော ထိ‌ခိုက်အောင် ဆက်လုပ်လာလိမ့်မယ်။ အစ်မ ဘာလုပ်မလဲ။ သူတို့ကို မရောင်းရင် သူတို့ ဒီလိုပဲ ဆက်လုပ်လာလိမ့်မယ်"

     “သေရင်တောင် မရောင်းဘူး"

      “အဲဒါဆိုရင်လည်း ရဲတိုင်လိုက်ရအောင်"
     ရှလေက ပြောသည်။

      လျိုယင် တွန့်ဆုတ်နေသည်။ ထို့နောက်တွင်မှ သူမ၏ ဖုန်းကိုထုတ်လိုက်သည်။
      “ဟုတ်တယ်။ ငါ အခုပဲ ရဲတိုင်လိုက်တော့မယ်"

      ထိုအချိန်တွင် လင်းဘိုဝမ်သည် သူတို့ဆီသို့ လျှောက်လာရင်း ခပ်လှမ်းလှမ်းမှ လှမ်းပြောသည်။
      “စီအီးအိုလျို၊ လူတစ်ယောက်က အစ်မနဲ့ တွေ့ချင်လို့တဲ့၊ အစ်မကော သူနဲ့ တွေ့ကြည့်ချင်လား"

      ရှလေသည် လျိုယင်အား တစ်ချက် ကြည့်လိုက်သည်။ လျိုယင်သည်လည်း သူမ၏ ဖုန်းကို ပြန်သိမ်းလိုက်သည်။
   
      လင်းဘိုဝမ်က ထပ်ပြောသည်။
     “သူ ဟိုနားလေးမှာတင် ရှိတယ်။ ကျွန်တော် အစ်မကို ခေါ်သွားပေးမယ်"

       “သူက ဘာကိစ္စမလို့လဲ"
      လျိုယင်သည် မသွားချင်ခဲ့ပေ။

     ထိုအရာကို လင်းဘိုဝမ်က သိလိုက်၍ သူက ရှင်းပြသည်။
     “သူက အရောင်းဆိုင်ခွဲတွေ၊ စူပါမားကတ်တော်တော်များများနဲ့  နာမည်ရဆိုင်တွေ အများအပြားကို တစ်နိုင်ငံလုံးမှာ ရှိထားတယ်။ ကျွန်တော့်အထင်တော့ သူနဲ့ တွေ့ကြည့်ရင် ကျွန်တော်တို့ ကုမ္ပဏီအတွက် အကျိုးကျေးဇူး တစ်ခုခုတော့ ရှိလိမ့်မယ် ထင်တယ်"

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora