အပိုင်း(၄၉) မောက်မာသောသူဋ္ဌေးမ

122 17 0
                                    

      အမျိုးသမီးသည် အဝတ်အစားလဲပြီးနောက် အဝတ်ဗီရိုကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ဗီရိုလက်ကိုင်ကို လှည့်လိုက်သည်။
      ထိုအရာတွင် ထူးခြားမှု ရှိနေသည်။ သူမသည် အဝတ်ဗီရိုကို ပိတ်ပြီးဖြစ်ရာ အဘယ်ကြောင့် လက်ကိုင်ကို ထပ်လှည့်နေရပါသနည်း။
      ရှလေသည် ထိုအကြောင်းနှင့်ပက်သက်၍ သိလိုစိတ်ဖြစ်လာသည်။ ထိုစဉ် ရုတ်တရက် အဝတ်ဗီရိုသည် ဘေးတိုက်ရွေ့လျားသွားပြီး သံမဏိမီးခံသတ္တောတံခါး ပေါ်ထွက်လာသည်။

       ရှလေ အံ့အားသင့်သွားပြီး
     ‘အဝတ်ဗီရိုရဲ့နောက်မှာ မီးခံသေတ္တာတစ်လုံး ရှိနေတာပဲ၊ အဲဒီထဲမှာ သူ့ရဲ့ တန်ဖိုးကြီးရတနာတွေနဲ့ ငွေကြေးတွေကို သိမ်းဆည်းထားတာပဲ ဖြစ်မယ်'

      ရှ‌လေသည် သူ၏ မြင်နိုင်စွမ်းကို မီးခံသေတ္တာပေါ် အသုံးမပြုခဲ့ပေ။ မီးခံသေတ္တာသည် လုံခြုံရေးမြင့်မားသည့် သတ္တုစပ်အထူဖြင့် ပြုလုပ်ထားသည့်အတွက် ထိုးဖောက်ကြည့်ရန် ခက်ခဲပြီး အကယ်၍ ထိုးဖောက်ကြည့်ပါက အားအင်အမြောက်အများကို အသုံးချရလိမ့်မည် ဖြစ်သည်။  ထို့ကြောင့် ရွှေထည်၊ ငွေထည်နှင့် ပစ္စည်းအချို့အား မြင်နိုင်ရန်အတွက်နှင့် ထိုမျှအထိ အားအင်မစိုက်ထုတ်သင့်ပါ‌ချေ။

      ထို့နောက် သူမသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်၍ ကုလားထိုင်ပေါ်မှ အိတ်တစ်ခုကိုယူလိုက်ပြီး မီခံသေတ္တာဆီကို ပြန်သွားလိုက်သည်။

      ရှလေ ထိုအရာကို သိလိုသည်။ သူ၏ ဘယ်ဘက်မျက်လုံးမှ အကြည့်သည် အမျိုးသမီး၏ လက်ထဲက အိတ်ပေါ်တွင် ရှိနေသည်။ ထိုအိတ်သည် သားရေအထူဖြင့် ပြုလုပ်ထားသော်လည်း ရှလေ၏ မြင်နိုင်စွမ်းအတွက်မူ ထိုအရာသည် စက္ကူပါးတစ်ရွက်အလားပင်။ သူ၏ မျက်လုံးမှ မြင်ကွင်းသည် သားရေအိတ်ကို ဖောက်ထွင်း၍သွားသည်။
      ထိုသားရေအိတ်ထဲတွင် အချက်အလက်များပါသည့် မိတ္တူတစ်ဖိုင်၊ ရွှေ‌ရောင်ဘောပင်တစ်ချောင်း၊ ပတ်စ်ပို့တစ်ခုနှင့် မူပိုင်ခွင့်လျှောက်လွှာစာရွက်တို့ ရှိနေသည်။

       ရှလေသည် ဦးဆုံမူပိုင်ခွင့်‌ လျှောက်လွှာစာရွက်၏ အရှေ့မျက်နှာစာကို ကြည့်လိုက်သည်။ ထိုအရာသည် ရေပေါ်စီးစကိတ်ဘုတ်၏ မူပိုင်ခွင့်လျှောက်လွှာ ‌ ဖြစ်နေသည်။ ထိုလျှောက်လွှာ၏ အမည်နေရာတွင် နိုက်စ်မုဗ်အားကစားပစ္စည်းကုမ္ပဏီ၏ ကိုယ်စားလှယ်လျိုယင်ဟု ရေးထားသည်။
     လျှောက်လွှာ၏နောက်တွင် ပတ်စ်ပို့ရှိနေပြီး ထိုပတ်စ်ပို့ပေါ်တွင် ‘လျိုယင်'ဟူသည့်အမည်နှင့် သူမ၏ရုပ်ရည်နှင့်တူညီသည့် ဓာတ်ပုံတစ်ပုံပါရှိသည်။ သူမသည် ရှီကျင်းချိုနှင့် စကားပြောခဲ့သည့် ‘အမကြီးလျို'ဆိုသူ ဖြစ်မည်မှာ  သေချာပြီ ဖြစ်သည်။
      ပတ်စ်ပို့၏ နောက်တွင် ရေပေါ်စီးစကိတ်ဘုတ်၏ ဒီဇိုင်းပုံစံများ၊ အစိတ်အပိုင်းအမျိုးမျိုး၏ အကြောင်းအရာများ အစရှိသည့် အချက်အလက်များ ပါရှိသည့် စာရွက်ဖိုင်ရှိနေသည်။ အလက်များသည် များပြား‌‌ရှုပ်ထွေးနေသော်လည်း ရှလေ၏ အကြည့်အား မဟန့်တားနိုင်ပါ။ သူ၏ အကြည့်သည့် ဆာလောင်နေသည့် မြွေတစ်ကောင်အလား စာရွက်တစ်ရွက်ချင်းစီကို ထိုးဖောက်ပြီး ၁၅စက္ကန့်အတွင်း အချက်အလက်များအားလုံးကို တွေ့မြင်နိုင်ခဲ့သည်။
      သူမသည် မီခံသေတ္တာတံခါးကိုဖွင့်ကာ အဆိုပါသားရေအိတ်ကို ထည့်လိုက်ပြီးနောက် ပြန်ပိတ်လိုက်သည်။ အဝတ်ဗီရိုကို မူလနေရာအတိုင်း ပြန်ထားလိုက်သည်။ ထို့နောက် သူမသည် အခန်းထဲမှ ထွက်လာခါ လှေကားထစ်များဆီသို့ ဦးတည်လျှောက်လာသည်။

နတ်ဘုရားမျက်လုံး ( Book-1 )حيث تعيش القصص. اكتشف الآن