အပိုင်း(၅) ငါ့ကို အစ်မလို့ခေါ်

246 35 0
                                    

     ရှလေ ဆေးရုံက ထွက်လာစဉ်၌ မိုးချုပ်နေပြီ ဖြစ်သည်။
     အိမ်ပြန်ရောက်ပြီး အိမ်ထဲကို ဝင်လိုက်သည်နှင့် သူ၏ ညီမ ရှရွှယ်သည်လည်း သူမ၏ အခန်းထဲက ထွက်လာသည်။

     ရှရွှယ်သည် ဤနှစ်ထဲတွင် အသက် ၁၈နှစ်ပြည့်ပြီ ဖြစ်ပြီး  မျက်နှာပေါက်မှာ ရှလေနှင့် ခပ်ဆင်ဆင်ပင် ဖြစ်သည်။ သူမသည် အရပ် (၁၇၀)စင်တီရှိပြီး ခြေတံရှည်ရှည် တောင့်တောင့်ဖြောင့်ဖြောင့်ပင်ဖြစ်သည်။ ရပ်ကွက်ထဲတွင် လူချစ်လူခင်လည်းပေါများသည့် မိန်းကလေးလည်း ဖြစ်သည်။
    
     “အစ်ကို နင် လွန်ခဲ့တဲ့နှစ်ရက်လုံး ဘယ်တွေ ခြေရှုပ်နေတာလဲ၊ ညီမ ဖုန်းဆက်တော့လည်း စက်ကပိတ်ထားတယ်၊ ဆောက်လုပ်ရေးဆိုက်မှာ သွားရှာတော့လည်း မရှိဘူး၊ ညီမ အရမ်းစိတ်ပူနေခဲ့တာ”
     ရှရွှယ်သည် သူ့အစ်ကိုအား အတော်လေး စိတ်ပျက်နေခဲ့သယောင်ရှိသည်။

     ရှလေက ပြုံးပြလိုက်ပြီး
     “နောက်ကျသွားတယ်၊ နင် မအိပ်သေးဘူးလား၊ အစ်ကို့ကို စောင့်နေတာလား”

     “ပြောစရာလိုသေးလား၊ အစ်ကိုမှ ပြန်မရောက်သေးတာ ညီမလေးက ဘယ်လိုလုပ် ကောင်းကောင်းအိပ်ပျော်မှာလဲ”
     ရှရွှယ်၏ နှုတ်ခမ်းပါးလေး စူပုတ်ကာ မဲ့ရွဲ့နေသည်။ သူမအတွက် သွေးသားရင်းချာဆဟူ၍ တစ်ကမ္ဘာလုံးတွင် ရှလေတစ်ယောက်သာ ရှိပေသည်။ ရှလေသည် သူမအတွက် မှီခိုအားထားနေရသော တစ်ဦးတည်းသောသူပင် ဖြစ်သည်။ ရှလေအကြောင်းသည် သူမနှင့် မဆိုင်သလို အဘယ်သို့ နေနိုင်ပါမည်နည်း။

     “ဘာမှမဟုတ်ပါဘူး၊  အစ်ကို... အမ်...၊ အချိန်ပိုင်း အလုပ်အပိုလုပ်နေလို့ပါ”
     ရှလေက ပြောလိုက်သည်။
     “ထိုင်ပါဦး၊ အစ်ကို မင်းကို ပြောမလို့”

     “ဘာကိစ္စလဲ”
     ရှရွှယ်သည် ရှလေ၏ ဘေးတွင်ဝင်ထိုင်လိုက်ပြီး သူ့အစ်ကိုအား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

     ရှလေသည် သူ၏ ပိုက်ဆံအိတ်ထဲက ကဒ်ကို ထုတ်လိုက်ပြီး ရှရွှယ်၏ လက်ထဲကို ထည့်ပေးလိုက်သည်။
     “ဒီကဒ်ထဲမှာ သုံးသောင်းရှိတယ်၊ ညီမရဲ့ကျောင်းစရိတ်အတွက် သုံးလိုက်”

နတ်ဘုရားမျက်လုံး ( Book-1 )Nơi câu chuyện tồn tại. Hãy khám phá bây giờ