အပိုင်း(၂၂) ဝမ်းဗိုက်အတွင်းသို့ ထွင်းဖောက်ကြည့်ခြင်း

175 20 0
                                    

      အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်၏ ဝမ်းဗိုက်အား ထိတွေ့ခြင်းသည် မသင့်လျော်သော ကိစ္စဖြစ်သော်လည်း ယခုအခြေအနေသည် အရေးပေါ်အခြေအနေပင်ဖြစ်နေသည်။ ရှလေသည် သူမ၏ ဝေဒနာခံစားနေရမှုကို ကြာကြာဆက်ကြည့်၍ မနေနိုင်တော့ဘဲ တတ်နိုင်သမျှ ကုသပေးလိုစိတ် ဖြစ်လာသည်။

      နဲင်ကျင်း၏ ဝမ်းဗိုက်သားမှာ နူးညံ့လှသည်။ အဝတ်အစားဖြင့် အမြဲဖုံးထားပြီး လေမထိသည့် နူးညံ့သိမ်မွေ့လွန်းသည့် ဗိုက်သာလေးမှာ နှလုံးခုံနှုန်းကိုပင် ကမောက်ကမ ဖြစ်သွားစေပြီး ဆန်းသစ်လှသည့် ကိုယ်သင်းရနံ့လေးမှာ ရှလေ၏စိတ်ကို လှုပ်ရှားသွားစေသည်။ အေးစက်နေသည့် လက်သည် သူမ၏ ဗိုက်သားကို အသာအယာထိလိုက်သည်။ သူသည် ရိုးရိုးသားသားနှင့် ဝေဒနာကို သက်သာအောင်ပြုလုပ်ပေးလိုသော ဆန္ဒဖြင့် ထိလိုက်ခြင်းဖြစ်ပြီး၊ သူမ၏ ဗိုက်ကို ထိလိုက်သည့်အခါ ထိုဝေဒနာ၏ ရှုပ်ထွေးမှုအကြောင်ကို သိလိုက်ရသည်။

     “ရှင်….”
     နဲင်ကျင်း၏ မျက်နှာအေးခဲသွားပြီး ရှလေကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေသည်။

      “အာ… ငါ့ကို့ မင်းရဲ့ အမေလို့ပဲ သဘောထားလိုက်ပါ”
     ရှလေသည် ထို့သို့ပြောလိုက်ပြီး မျက်နှာပူစွာဖြင့်ပင် သူမ၏ ဗိုက်ကို နှိပ်နယ်ပေးလိုက်သည်။

     နဲင်ကျင်းသည် ငြင်းဆန်ခြင်း မပြုသော်လည်း သူမကို ကြည့်ရသည်မှာ ရှလေထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံရသည်။ ရှလေ၏ လက်တွင် မှော်တန်ခိုးများရှိနေသည့်အလားပင်… နာကျင်မှုသည် လုံးဝပျောက်ကွယ်သွားသည့်အပြင် ထူးခြားသော ခံစားမှုကိုလည်း ခံစားမိလိုက်သည်။ ထိုထူးခြားသော ခံစားမှုသည် သူမအား ရာဂစိတ်နိုးကြားသွားစေခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် စိတ်းဂနာမငြိမ်ဖြစ်သွားစေခဲ့သည်။ သူမ၏ လည်ချောင်းတွင် ထူခြားသောညည်းသံများ ပင့်တက်လာကာ ခပ်ရေးရေးပေါ်ထွက်လာသည်။ သူမ၏ တုံပြန်မှုမှာလည်း အလွန်ဆန်းကြယ်ပေသည်။ သူမ၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေရာမှ ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာဖြစ်လာခဲ့သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Место, где живут истории. Откройте их для себя