အပိုင်း(၇) ဒူးထောက်ကို ထောက်ရမယ်

212 33 0
                                    

     “ကျုပ်ရဲ့ မျက်လုံးကိစ္စကို အသာထားပေးလို့ရတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ကျုပ် သူ့ကို ပြဿနာမရှာဘူး။ သူလည်း ကျုပ်ကို ပြဿနာလာမရှာစေနဲ့။ ဒါပေမဲ့ ကျုပ်သူငယ်ချင်း ဒဏ်ရာအနာတရဖြစ်တဲ့ကိစ္စကိုတော့ ကျုပ် ဒီအတိုင်း မကြေအေးနိုင်ဘူး။ ချန်းချွမ်ဟူ .. ကျုပ်သူငယ်ချင်းကို ပြန်တောင်းပန်ရမယ်။ သူ့ကို ပြောလိုက်ပါ.. အခုဆေးရုံးကိုသွားပြီး ကျုပ်သူငယ်ချင်းရဲ့ရှေ့မှာ ဒူးထောက်ပြီးတောင်းပန်ပါ။ ပြီးရင် ဓာတ်ပုံရိုက်ပြီး ကျုပ်ဆီကို ပို့ပေးခိုင်းလိုက်။ နောက်ပြီးတော့ ကျုပ်သူငယ်ချင်းအတွက် အာဟာရစရိတ်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုနဲ့ ဝင်ငွေပြတ်လပ်မှုအတွက် ယွမ်ငါးသောင်း ပေးလျော်သင့်တယ်။ ခင်ဗျားရဲ့တူတော်မောင်ကို ဆေးရုံကိုလာရင် ငွေငါးသောင်း တစ်ပါတည်းယူလာဖို့ပြောလိုက်။ အခု ကျုပ်ပြောတဲ့အတိုင်း ခင်ဗျားလုပ်ပေးမယ်ဆိုရင်တော့ ကျုပ်တို့ အဆင်ပြေပြီ၊ ဘယ်လိုလဲ”
     ရှလေက ပြောလိုက်သည်။

      လီချန်ဟွာ အေးတိအေးစက် ရယ်မောလိုက်သည်။
     “ကောင်လေး.. မင်းက ငယ်ပါသေးတယ်၊ လောကကြီးအကြောင်း မင်းကောင်းကောင်းနားမလည်သေးပါဘူး၊ သိပ်ပြီး ရှုပ်ရှုပ်ယှက်ယှက်မဖြစ်စေတဲ့ မဆိုးလှတဲ့အကြံတစ်ခု မင်းကို ပေးမယ်၊ မင်း ဟိုစကားပုံတစ်ခု ကြားဖူးတယ်မလား ‘လူတစ်ယောက်ကို ထွက်ပေါက်ပေးလိုက်ပြီး၊ စည်းဘောင်အတွင်းကနေ ပြန်ရင်ဆိုင်သင့်တယ်'ဆိုတာ”

     “ကျုပ်ကြားဘူးတယ်၊ ဒါပေမယ့် ကျုပ် ခင်ဗျားနဲ့ နောက်တစ်ခါ ပြန်ပြီး ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ကူးမရှိဘူး”
     ရှလေက ပြောလိုက်သည်။
     “ခင်ဗျား ကျုပ်ပြောတာတွေကို သဘောမတူဘူးဆိုရင်တော့ ကျုပ်ရိုက်ထားတဲ့ ဗီဒီယိုကို အင်တာနက် ဖိုရမ်ပေါ် ပို့စ်တင်လိုက်တော့မယ်”

     “မလုပ်နဲ့… မလုပ်နဲ့”
     လီချန်ဟွာ လန့်သွားရပြန်သည်။
     “အဲ့ဒါကို ဘယ်လိုလုပ်ရမလဲ ကောင်လေး။ ငွေက ကိစ္စမရှိဘူးဆိုပေမယ့် ဒူးထောက်တာမျိုးတွေ မပါပဲ တခြားနည်း လုပ်လို့ရမလား။ ချွမ်းဟူမှာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ ရှိသေးတော့… ဆေးရုံလို နေရာမျိုးမှာ ဒူးထောက်ပြီး မင်းကို ပုံပို့ပေးရမယ့် ကိစ္စမျိုးကြ သူ သဘောတူမှာ မဟုတ်ဘူး”

နတ်ဘုရားမျက်လုံး ( Book-1 )Where stories live. Discover now