အပိုင်း(၃၂) လက်ရာအစွမ်း

150 27 1
                                    

     ဆယ့်ငါးမိနစ်အတွင်း ရှလေ၏ လုပ်ဆောင်မှုမှာ ပြီးမြောက်သွားခဲ့သည်။ ပုံမှန်အားဖြင့် ပြီးမြောက်အောင်ပြုလုပ်ပြီးနောက်တွင် အစိတ်အပိုင်းကို စစ်ဆေးရန်အတွက် အင်ဂျင်နီယာကို ပေးရမည်ဖြစ်သော်လည်း သူသည် ထိုသို့မပြုလုပ်ခဲ့ပေ။

     “မာစတာရှ၊ ပြီးသွားပြီလား”
     နဲင်ရွမ်ရှန်းသည် ပြုံးပြီး ပြောလိုက်သည်။ သူသည် ရှလေ၏ ပြီးမြောက်အောင်လုပ်ဆောင်လိုက်နိုင်မှုအတွက် ဦးလေးအရင်းတစ်ယောက်အတိုင်း လွန်စွာကျေနပ်နှစ်သက်မိပြီး အကောင်းမြင်စိတ်များ တိုးပွားလာနေသည်။

     အင်ဂျင်နီယာတစ်ယောက်ကလည်း ဝင်ပြောသည်
     “မာစတာရှ၊ အဆင်ပြေလား။ ပြီးပြီမလား၊ ပြီးပြီဆိုရင် ကျွန်တော့်ကိုပေးပါ။ ကျွန်တော်အဲဒါကို တိုင်းတာစစ်ဆေးကြည့်လိုက်ပါမယ်”

     သို့သော်လည်း ရှလေက ခေါင်းခါလိုက်သည်။
    “ဒီတွင်ခုံရဲ့ တိကျမှုအစိတ်အပိုင်းက လျော့နေတယ်။ ဝန်ရိုးမှာ တိကျမှန်ကန်မှုက ဝ.၀၀၀၅မီလီပဲ ရှိတယ်၊ ဒါက မပြီးပြည့်စုံနိုင်ဘူး”
     သူသည် ခဏတုံ့ဆိုင်းလိုက်ပြီးနောက် ဆက်၍ ပြောသည်။
     “နောက်ပြီး၊ တင်တွင်းကွင်းမှာ လိုအပ်မှုက ဝ.၀၀၀၉မီလီရှိတယ်။ ခြားနားမှုက  မဆိုစလောက်ပေမဲ့ ပုံမှန်တိုင်းလုပ်ဆောင်နိုင်ဖို့က နည်းလမ်းမရှိဘူး။ ဒီစက်မှာ တိကျမှုက မလျော့ပေမဲ့ အစိတ်အပိုင်းတွေ ပြန်လည်ပြုပြင်တဲ့နေရာမှာ အဆင်ပြေမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောရဲတယ်၊ ခင်ဗျားတို့ ဒီဟာကို အကြိမ်ပေါင်းများစွာ ပြုလုပ်ရင်တောင် မအောင်မြင်အောင် တိကျမှုကို လျော့ထားတယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။ ဟုတ်တယ်မလား”

     ရှလေ စကားပြောပြီးသည့်နောက်တွင် စက်ရုံတစ်ရုံလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

     ရှလေနှင် ပက်သက်ပြီး သံသယမကင်းခဲ့သည့် ပထမအင်ဂျင်နီယာသည် ရှီကျင်းချိူကို  မသိမသာ လှမ်းကြည့်လိုက်သည်။ သူ၏အကြည့် ထူးဆန်းနေပြီး ရှီကျင်းချိုသည်  ထိုသူနှင့် မျက်လုံးချင်း မဆုံအောင် ရှောင်လွှဲလိုက်သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Where stories live. Discover now