အပိုင်း(၃၇) လုပ်ကြံသူ

131 23 0
                                    

     ရှလေ၏ မျက်လုံးသည် လှုပ်ရှားလာပြီး နှစ်ဆယ်၊ သုံးဆယ်မီတာဝန်းကျင်ခန့် အကွာတွင် ရှိနေသော  ထိုသန့်ရှင်းရေးလုပ်နေသည့် မိန်းကလေးအား အနီးကပ်မြင်ကွင်းဖြင့် ရှင်းရှင်းလင်းလင်း မြင်တွေ့လာရသည်။
      ရှလေသည် သူမ၏ လက်ကို လှမ်းကြည့်လိုက်သည်။ သူမ၏ လက်များသည် နူးညံ့ချောမွေ့နေပြီး အသားမာများ ရှိမနေပါချေ။  သူမ၏ လက်ကောက်ဝတ်တွင် လုပ်ဆောင်နိုင်စွမ်း များစွာပါရှိသည့် အရည်အသွေးမြင့် နာရီးတစ်လုံးကို ဝတ်ဆင်ထားသည်။  ထိုနာရီသည် တန်ဖိုးကြီး အသုံးအဆောင်ဖြစ်မည်မှာ ကြည့်ရုံနှင့် သိသာထင်ရှားသည်။

     ရှလေ၏ သိလိုစိတ်များ ပို၍ပြင်းပြလာခဲ့သည်။
      ‘သန့်ရှင်းရေး‌လုပ်တဲ့ ကောင်မလေးတစ်ယောက်က ဘယ်လိုလုပ် ဒီလို ဈေးကြီးတဲ့ နာရီမျိုးကို ပိုင်ဆိုင်နိုင်ရတာလဲ'

      သန်းရှင်းရေး မိန်းကလေးမှာမူ သူမအား လူတစ်ယောက်မှ စိတ်ဝင်တစားနှင့် ကြည့်ရှုအကဲခတ်နေသည်ကို သတိမမူမိခဲ့ပေ။ သူမသည် ရိုးရိုင်စီဖက်ထွန်ကား ရှိရာနားသို့ အမှိုက်လှည်းကို တွန်း၍လာနေသည်။

      ရှလေသည် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလိုက်သည်။ ထိုသို့ စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ထိုမိန်းကလေး၏ ကိုယ်ပေါ်မှ အဝတ်အစားများသည် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး ကိုယ်လုံးတီးအနေအထားသို့ ရောက်ရှိသွားသည်။
     သူမသည် နို့နှစ်ရောင်ကဲ့သို့ ဖြူဖွေးသန့်စင်သည့် အသားအရေကို ပိုင်ဆိုင်ထားပြီး သူ၏ ခါးနားတွင် အနက်ရောင် အရာဝတ္ထုတစ်ခုအား ဖုံးကွယ်ထားသည်ကို ရှလေ မြင်တွေ့လိုက်ရသည်။ ထိုအရာသည် သေနတ်တစ်လက်ပင် ဖြစ်သည်။

     ရှလေ၏ အကြည့်သည် အမှိုက်တွန်းလှည်းဆီသို့ ရောက်ရှိသွားရာ အလားတူ ပစ္စည်းတစ်ခုကို ဖုံးကွယ်သိုဝှက်ထားသည်ကို ‌တွေ့လိုက်ရပြန်သည်။ ၎င်းသည် ဖျူးကြိုးများစွာဖြင့် ဆက်စပ်သွယ်ဆက်ထားသော ပေါက်ကွဲစေနိုင်သည့် ဖောက်ခွဲရေးပစ္စည်းပင်ဖြစ်ပြီး ထိုအရာ၏အပေါ်တွင် မိုဘိုင်းဖုန်းတစ်လုံးအား လျှပ်ခေါင်းများနှင့် ချိန်ဆက်ထားသည်။
     
      သေနတ်တစ်လက်နှင့် ဖောက်လွဲရေးပစ္စည်းတို့ ပါရှိနေသည့်အတွက် ဤမိန်းကလေးသည် အရှေ့လေအားအကြီးစားစက်မှုလုပ်ငန်းကြီးမှ သန့်ရှင်းရေးလုပ်သား မဟုတ်ဘဲ လုပ်ကြံသူတစ်ယောက်မှန်း ရှလေ သဘောပေါက်လိုက်သည်။
      ရှလေသည် မြင်နိုင်စွမ်းအား အသုံးချနေခြင်းကို ရပ်တန့်လိုက်ပြီး နောက်ကြောင်းပြန်လှည့်ကာ အလုပ်ရုံရှိရာသို့ ပြန်လျှောက်လာခဲ့သည်။
  
       ထိုအမျိုးသမီးသည် ရှလေအား တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် တစ်စက္ကန့်မျှသာ ကြာလိုက်သည်။ သိုဝှက်ယူဆောင်လာသည့် ဖောက်ခွဲရေးပစ္စည်းကို တစ်စုံတစ်ယောက် မြင်တွေ့သွားသည်ကို သူမ သိရှိပုံ မပေါ်ပေ။ နေရာအနေအထားမှာ အတန်သင့် ဝေးကွာနေခြင်းကြောင့် ထိုလူသည် သိမြင်နိုင်လိမ့်မည်မဟုတ်ဟု သူမက မှတ်ယူခဲ့သည်။ သူမသည် အမှိုက်တွန်းလှည်းနှင့်အတူ ရိုးရိုင်စီဖက်ထွန်ကားအနီးသို့ ရောက်ရှိလာပြီးနောက် သန့်ရှင်းပြုလုပ်သည့် ဘာလီပုံးထဲမှ ဗုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူမသည် အမှိုက်တစ်ခုကို ကောက်ယူလိုက်သည့်ဟန်ပန်မျိုးနှင့် ဒူးကိုကွေးညွှတ်၍ ထိုက်ချလိုက်သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Opowieści tętniące życiem. Odkryj je teraz