အပိုင်း(၃၅) ရေချိုးတာကို ကြည့်ချင်လို့မဟုတ်ပါ

160 20 0
                                    

     ပစ္စည်းနှင့် အစိတ်အပိုင်းများကို အသင့်ပြင်ဆင်ထားပြီးဖြစ်၍ ရှလေသည် လုပ်ငန်းလုပ်ဆောင်ရာ၌ လျင်မြန်ထိရောက်မှုရှိခဲ့သည်။ ခန့်မှန်းတွက်ချက်မှုအရ လဝက်မတိုင်မီပင် သူ၏ လုပ်ငန်း ပြီးမြောက်လိမ့်မည် ဖြစ်သည်။

     ရှီကျင်းချိုသည် သူ့အား နောက်ထပ်နှောက်ယှက်ခြင်းမျိုး မပြုဝောာ့ချေ။ သူမသည် သိက္ခာရှိရှိ နေထိုင်နေပြီဖြစ်ကာ အကယ်၍ သူမသည် သူ့အား ထပ်မ၍နှောက်ယှက်ခြင်းမျိုး ပြုပါကလည်း ရနိုင်တော့မည် မဟုတ်ပါ‌ချေ။ ရှလေသည်လည်း သူမနှင့် ပက်သက်သည့် အကြောင်းအရာ မှန်သမျှကို စိတ်ဝင်စားခြင်း မရှိတော့ပါချေ။ သူသည် သူ၏ အချိန်မှန်သမျှကို တိကျသောအစိတ်အပိုင်းများအား ပြုလုပ်ခြင်း၊ စာဖတ်၍ဗဟုသုတ ရှာဖွေလေ့လာခြင်းတို့၌သာ နှစ်မြှုပ်ထားခဲ့သည်။  သူသည် အကြောင်းအရာ အစုံအလင်ကို ဖတ်ရှုလေ့လာခဲ့သည်၊ တိကျသောစက်ကိရိယာများ၊ တိကျစွာဂဟေဆော်ခြင်းနည်းပညာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ စက်မှုဒီဇိုင်း၊ နိုင်ငံခြားဘာသာရပ်များ၊ စီးပွားစီမံ၊ ငွေကြေးလုပ်ငန်း စသည်ဖြင့် ဖြစ်သည်။ သူသည် ရေမြှုပ်တစ်ခုအလား ဗဟုသုတများကို အလောကြီးစွာပင် လေ့လာမှတ်သားနေခဲ့သည်။ သူသည် အချိန်တိုင်းတွင် အသိပညာကြွယ်ဝစေရန် အာရုံစိုက် လုပ်ကိုင်နေခဲ့သည်။

     သို့သော်လည်း သူ့အတွက် ရရှိသော အကြီးမားဆုံးရလဒ်မှာ အော်ဒါများကို ကောင်းမွန်စွာ ဆောင်ရွက်နေနိုင်ခြင်းနှင့် ဗဟုသုတများ ရှဖွေလေ့လာနိုင်ခြင်းတို့ မဟုတ်ပါဘဲ သူ၏ မျက်လုံးကို မကြာခဏ အသုံးချနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုအကျိုးကျေးဇူးကြောင့် သူ၏ စိတ်မှ အချက်ပြသည်နှင့် သူ၏ မျက်လုံးအား တိုက်ရိုက် ထိန်းချုပ်မှု ပြုလာနိုင်သည့် အဆင့်ထိရောက်ရှိလာခဲ့သည်။ သူ၏ မျက်လုံးထိန်းချုပ်နိုင်မှုစွမ်းအားသည် ပိုမိုကောင်းမွန်တည်ငြိမ်လာခဲ့ပြီး မျက်လုံးအား ကြားရှည်စွာ အသုံးချခြင်းကြောင့် ဖြစ်ပေါ်လာတတ်သော ဆိုးကျိုးများကိုလည်း လျော့ချလာနိုင်ခဲ့သည်။
     ဥပမာအနေနှင့်  တိကျသော အစိတ်အပိုင်းများကို  ပြုလုပ်ဆောင်ရွက်ရာ၌ မျက်လုံး၏ မြင်ကွင်းချဲ့ကားနိုင်စွမ်းကို အသုံးပြုရပြီး အလွန်အကျွံအသုံးချခြင်း၏နောက်ဆက်တွဲ အကျိုးတရားများကို အဆင်ပြေစွာ ကျော်ဖြတ်နိုင်ခြင်းပင် ဖြစ်သည်။ ပိုမိုကျွမ်းကျင်စွာ ထိန်းချုပ်လာနိုင်ပြီးနောက်တွင် သူ၏ ဘယ်ဘက်မျက်လုံးသည် ဆက်တိုက်ဆောင်ရွက်နိုင်စွမ်း ရှိလာပြီး အနားပေရန်ပင် မလိုတော့ဘဲ တိကျသောအစိတ်အပိုင်းများ ဆောင်ရွက်မှုကိုလည်း ဆိုင်းငံ့ခြင်းမျိုး ပြုလုပ်ရန် မလိုပါတော့ချေ။ သူသည် ထိုစွမ်းရည်ကို အသေအချာထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ခဲ့သော်လည်း ယခုအခါ ထိုအရာသည်  ကိုယ်နှင့် တစ်သားတည်းကဲ့သို့ ဖြစ်လာခဲ့ပြီး အလေ့အထတစ်ခုကဲ့သို့ပင် ဖြစ်လာခဲ့သည်။ အသက်ရှုထုတ်ခြင်းကဲ့သို့ပင် အလိုလျောက် တုံ့ပြန်ဆောင်ရွက်နေနိုင်ပြီး အထူးတလည် လိုက်လံထိန်းချုပ်နေစရာ မလိုပါတော့ချေ။

နတ်ဘုရားမျက်လုံး ( Book-1 )Tempat cerita menjadi hidup. Temukan sekarang