မာရှောအန်းအား ဆေးရုံတင်ကားတစ်စီးမှ တင်ဆောင်သွားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ၎င်းမှာလုပ်စဉ်အတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်ပြီး မာရှောင်အန်းမှာ ပြန်လာတော့မည် မဟုတ်ပါချေ။
မှုခင်းရဲနှင့် ယာဥ်န်းရဲများလည်း ရောက်ရှိလာကြသည်။ အဆုံးတွင် ကားသမားအား မှုခင်းရဲကမဖမ်းပဲ ယာဉ်ထိန်းရဲများကသာ ခေါ်ဆောင်သွားခဲ့သည်။ ဖြစ်စဉ်မှာ ယာဉ်မတော်တဆမှုမြောက်ပြီး လူသတ်ရန် ကြံရွယ်မှုမရှိဟုသာ ကောက်ချက်ချလိုက်ကြသည်။ ထိုသို့သော အဆုံးအဖြတ်မှာ ရှလေနှင့် လျှပ်စီးမြင်းဝပ်ရှော့က အလုပ်သမားများအဖို့ လက်သင့်မခံနိုင်စရာဖြစ်ခဲ့သည်။ သို့သော်လည်း ဥပဒေမှာ နှစ်ဦးနှစ်ဖက်အတွက် သက်ညှာမှုရှိစွာဖြင့် အသင့်တော်ဆုံးဖြစ်အောင် ဆောင်ရွက်ကြရသည့်အတွက် ဤနေရာတွင် စိတ်ခံစားချက်များက အသုံးဝင် ထိရောက်မည် မဟုတ်ပါချေ။
ရှလေသည် မာရှောင်အန်းအား ဆေးရုံသို့ပို့မည့် လူနာတင်ယာဉ်ပေါ်သို့ တင်နေသည်ကို ကြည့်နေသည်။ သူသည် မာရှောင်အန်း၏ ငြိမ်သက်စွာအနားယူ နေသည့်မျက်နှာကို အတန်ကြာ မလှုပ်ယှက်ပဲ ငေးကြည့်နေခဲ့သည်။ အချိန်အတော်ကြာ ကုန်လွန်သွားသော်လည်း သူသည် ငေးစိုက်လျက်ပင် ရှိသေးသည်။
ကျန့်လုရီသည်လည်း သတင်းကြားလျင်ကြားချင်း ရောက်ရှိလာခဲ့ပြီး ငိုကြွေးနေခဲ့သည်။ သူမနှင့် မာရှောင်အန်းသည် ရှလေလောက် မရင်းနှီးကြသော်လည်း ငယ်သူငယ်ချင်းများပင် ဖြစ်ကြသည်။
ထို့နောက်တွင် ကျန့်လုရီသည် ရှလေအား သူ၏အိမ်သို့ လိုက်ပို့ပေးခဲ့သည်။
ကျန့်လုရီသည် အစားအသောက်များချက်ပြုတ်၍ ရှလေအား ကြွေးမွေးသော်လည်း ရှလေသည် မစားသောက်ပဲ ထိုအစားအစာများကို ငေးစိုက်၍သာ ကြည့်နေသည်။“နည်းနည်းလောက်စားဦး"
ကျန့်လုရီက ဂရုဏာသင်စွာဖြင့် တိုက်တွန်းပြောဆိုလိုက်သည်။
“နင် ဒီလိုပဲ လုပ်နေလို့ ဘယ်ဖြစ်မလဲ။ တစ်ခုခုစားဦး၊ နင့်အစာအိမ်ထဲကို အစာနည်းနည်းတော့ ထည့်ဖို့လိုတယ်"ရှလေသည် လှုပ်ရှားမှုမရှိပဲ ထိုင်မြဲထိုင်လျက် တွေဝေငေးစိုက်၍သာနေသည်။
DU LIEST GERADE
နတ်ဘုရားမျက်လုံး ( Book-1 )
Science Fictionရှလေ(သျှလေ) ဗီဇပြောင်း သဘာလွန်စွမ်းအား ပိုင်ဆိုင်ထားသူ။ အဲ့ဒီစွမ်းအားကို သူ ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်လာခဲ့တာလဲ။ သူ့လမ်းကို ပိတ်ဆို့နေတာတွေအတွက် သူ လုံးဝ မစိုးရိမ်ဘူး။ တကယ်တော့ သူက အမြင့်ကိုပျံတက်သွားနိုင်ဖို့ပဲ ကြိုးစားနေခဲ့တာ။