ပင်လယ်ကြီးဆီမှ လေပြေများ အဆက်မပြတ် တိုက်ခတ်လျက်ရှိနေသည်။
ရှလေနှင့် ချင်ရှောင်တို့သည် ကျောက်ဆောင်တစ်ခုပေါ်တွင်ထိုင်ရင်း သောက်က်ပြီးသွားသည့် ဘီယာဘူးခွံများကို ခြေထောက်ဖြင့် နင်းခြေပစ်နေသည်။“ငါ့ ပြောပါဦး၊ ဒီည မင်း ဟဲလောင်ချီကို တကယ်ပဲ သတ်ချင်နေတာလား"
ချင်ရှောင်သည် ဘီယာခွံတစ်ခုကို ကောက်၍ အဝေးသို့ လွှင့်ပစ်လိုက်ပြီးနောက် ရှလေအား ကြည့်၍ ပြောလိုက်သည်။ရှလေက တစ်ခဏအကြာမှ ပြန်ပြောသည်။
“မင်း မရောက်လာခင်လောက်က၊ ငါ အိမ်ထဲကိုဝင်ပြီး အဲဒီလူကို အဆုံးသတ်ဖို့ စိတ်ကူးနေခဲ့တယ်…"
“ပြီးတော့…."
ချင်ရှောင်က စကားကို ထောက်ပေးသည်။“ပြီးတော့….."
ရှလေသည် တစ်ခဏမျှ ရပ်တန့်လိုက်ပြီးနောက်တွင်မှ ခေါင်းကိုခါယမ်းလိုက်ပြီး
“ငါ ဘာမှ ဆက်မလုပ်နိုင်ခဲ့ပါဘူး။ မာရှောင်အန်းက ငါ့ကို ကယ်ခဲ့တယ်။ သူ့အတွက် ပြန်ပြီးလက်စားမချေနိုင်ရင် ငါ လူတစ်ယောက် ဖြစ်သင့်သေးလား"“မင်း အတွေးမများနဲ့၊ ငါပြောမယ်၊ မင်း ဟဲလောင်ချီရဲ့ အိမ်ထဲကို ဝင်နိုင်ပြီး သူ့ကို သတ်နိုင်တယ်ပဲ ထားဦး။ ဒါပေမဲ့ မင်းလို ရန်သူကို ဖျက်ဆီးဖို့အတွက် ဂူခဝမ်က သူ့ရဲ့ ခြံတော်စောင့်ခွေးကို အဆုံးရှုံးခံလိမ့်မယ် ထင်လား။ မင်းသာ ဟဲလောင်ချီကို သတ်လိုက်လို့ကတော့ ကမ္ဘာပေါ်က ဘယ်နေရာသွားသွား ဂူခဝမ်လက်ကနေ လွတ်နိုင်တော့မှာ မဟုတ်ဘူး။ ရဲအဖမ်းခံလိုက်ရရင်တောင် သေဒဏ်ကျအောင်ထိ သူတို့က စွမ်းဆောင်လိမ့်မယ်။ မင်းသာ သေသွားရင် မင်းရဲ့ညီမ ဘယ်လိုလုပ်မလဲ၊ မင်းကို မှီခိုပြီး ရှင်သန်နေထိုင်ရတဲ့သူတွေရဲ့ ဘဝကကော ဘယ်လိုတွေဖြစ်ကုန်မလဲ။ မင်း သူတို့အတွက်လည်း ထည့်စဉ်းစားဦး"
ချင်ရှောင်က ပြောသည်။ရှလေက ကျယ်ကျယ်ဖြင့်
“သူက ငါ့ကို သတ်ချင်နေတာလေ။ မာရှောင်အန်းလည်း ငါ့ကိုကယ်လိုက်လို့ သေသွားပြီ။ ငါ ဒါတွေကို မေ့ပစ်လိုက်ရမှာလား"
BẠN ĐANG ĐỌC
နတ်ဘုရားမျက်လုံး ( Book-1 )
Khoa học viễn tưởngရှလေ(သျှလေ) ဗီဇပြောင်း သဘာလွန်စွမ်းအား ပိုင်ဆိုင်ထားသူ။ အဲ့ဒီစွမ်းအားကို သူ ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်လာခဲ့တာလဲ။ သူ့လမ်းကို ပိတ်ဆို့နေတာတွေအတွက် သူ လုံးဝ မစိုးရိမ်ဘူး။ တကယ်တော့ သူက အမြင့်ကိုပျံတက်သွားနိုင်ဖို့ပဲ ကြိုးစားနေခဲ့တာ။