အပိုင်း(၄၀) ယောက္ခမလည်

170 26 0
                                    


     မိသားစုတွေ့ဆုံပွဲတစ်ခုဆိုသော်လည်း ထိုည ညစာစားပွဲအား အရှေ့လေအားအကြီးစား စက်မှုလုပ်ငန်းကြီးမှ အဆင့်မြင့်အရာရှိပုဂ္ဂိုလ်များနှင့် ပညာရှင်အင်ဂျင်ဂျင်နီယာကြီးများလည်း တက်ရောက်လာကြသည်။ သို့သော်လည်း နဲင်ရွမ်ရှန်းသည် သူတို့အား ခပ်ဝေးဝေးတွင် တစ်ဝိုင်းစီစဉ်ထားပေးပြီး နဲင်မိသားစုတွေ့ဆုံပွဲအတွက်မူ သီးသန့်ခန်းတစ်ခု၌ စီစဉ်ထားသည်။ ထိုသီးသန့်ခန်းတွင် နဲင်ရွမ်ဟိုင်၊ နဲင်ရွမ်ရှန်း၊ ကျောင့်ဟွေ့လန်၊ နဲင်ကျင်းနှင့် ရှလေတို့ တွေ့ဆုံကြမည် ဖြစ်ပြီး အလယ်တွင် လှည့်စားပွဲဝိုင်းကြီးအပြင် ထိုင်ခုံနေရာ များလည်း ပါရှိပေသည်။

      ဤတွင် ရှလေသည် နဲင်ရွမ်ဟိုင်နှင့် ကျောင့်ဟွေ့လန်တို့အား ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံရမည်ဖြစ်သည်။ နဲင်ရွမ်ဟိုင်နှင့် နဲင်ရွမ်ရှန်းတို့သည် မျက်နှာပေါက်ချင်း ဆင်ကြပြီး နှစ်ယောက်စလုံးသည် အသက်ငါးဆယ်ကျော် မတိမ်းမယိမ်းများ ဖြစ်ကြသည်။ ကျောင့်ဟွေ့လန်သည် အရွယ်ရှိသေးပြီး အသက်လေးကျော်‌သော်လည်း နုပျိုနေဆဲပင် ဖြစ်သည်။ သူမနှင့် နဲင်ကျင်းသည် ရုပ်ချင်းဆင်ကြပြီး သူမသည် အသက်အပိုင်းအခြားတစ်ခုရောက်နေပြီ ဖြစ်သော်လည်း တည်ငြိမ်ရင်ကျက်သည့် အလှတရားတို့ဖြင့် လှ‌ပနေဆဲပင် ဖြစ်သည်။

      ‘အမကြီးနဲင်ရဲ့ အမေက ဒီလောက်ထိ ငယ်လိမ့်ဦးမယ်လို့ မထင်ထားဘူး၊ အမကြီးနဲင်လည်း သူ့အမေလို အသက်အရွယ်ရောက်ရင် အဲသည်လိုပဲ လှနေဦးမယ် ထင်တယ်'
     ရှလေ ထိုသို့တအံ့တဩဖြင့် တွေးတောလိုက်သည်။

      “အဖေ၊ အမေ၊ ဦးလေး၊ ဒီမှာ ရှလေ ရောက်ပြီ"
     နဲင်ကျင်းက ပြောလိုက်သည်။

     အမှန်မှာ ထိုအရာသည် အထူးတလည်ပြောပြနေစရာပင် မလိုပါချေ၊ ရှလေ ဝင်ရောက်လာသည့်နှင့် နဲင်ရွမ်ဟိုင်နှင့် ကျောင့်ဟွေ့လန်တို့သည် ရှလေအား ခေါင်းစခြေဆုံး ကြည့်ပြီးဖြစ်သည်။ ထို့အပြင် နဲင်ကျင်းသည် သူ၏လက်အား တွဲထားသည်ကို ကြည့်ခြင်းအားဖြင် မည်သူဖြစ်သည်ကို သူတို့ ကောက်ချက်ချ၍ ရခဲ့သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Where stories live. Discover now