အပိုင်း(၅၅) အပြင်ထွက်ချမယ်

124 14 0
                                    

       “လေ၊ နင် ဒီမှာ ဘာလုပ်နေတာလဲ"
       နဲင်ကျင်းသည် ရှလေနှင့် လျိုယင်တို့ ရှိ‌ရာနေရာသို့ လျှောက်လာရင်း မေးလိုက်သည်။ သူမ၏ မျက်နှာထက်တွင် ဟန်ဆောင်မှုကင်းသောချိုမြသည့်အပြုံးမှာ ပေါ်လွင်နေသည်။
    
        ရှလေသည်လည်း သူမအား ပြန်ပြုံးပြလိုက်ပြီး
      “ငါ အစ်မလျိုနဲ့ ရောက်လာတာ"
      ထိုသို့ပြောပြီးနောက် သူက မိတ်ဆက်ပေးလိုက်သည်။
      “ဒါက လျိုယင်ပါ၊ အစ်မလျို  ဒါက နဲင်ကျင်း၊ သူက သမိုင်းသုတေသနပညာရှင်တစ်ယောက်၊ ပြီးတော့ ဗဟုသုတကတော့ တော်တော်ကြွယ်တယ်"

       လျိုယင်နှင့် နဲင်ကျင်းတို့သည် လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ လျိုယင်သည် နဲင်ကျင်းနှင့်ပက်သက်၍ စိတ်ဝင်စားမှုမရှိပုံရသည်။ ထို့နောက် သူမသည် ခွင့်ပြုရန် စကားဆိုလိုက်သည်။
      “မင်းတို့နှစ်ယောက် စကားပြောနှင့်ကြဦးပေါ့၊ ငါ ငါ့မိတ်ဆွေတွေကို သွားရှာလိုက်ဦးမယ်"

       “အိုခေပါ၊ ကောင်းပါပြီ"
       ရှလေကပြောလိုက်သည်။ သူသည် ဤကဲ့သို့ ထွက်သွားသည့်အပြုအမူကို သဘောမကျပေ။

       လျိုယင်ထွက်သွားပြီးနောက် နဲင်ကျင်းသည် ရှလေအား မေးလိုက်သည်။
      “သူက ဘယ်သူလဲ"
   
       “လုပ်ငန်းက မိတ်ဆွေတစ်ယောက်ပါ။ သူက နိုက်စ်မုဗ်အားကစားပစ္စည်းကုမ္ပဏီပိုင်ရှင်သူ‌ဋ္ဌေး၊ ငါက သူ့ကုမ္ပဏီကို ပစ္စည်းသွင်းရတာ"
      ရှလေက ပြောလိုက်သည်။

       “ကောင်းတာပေါ့၊ နင်အောင်မြင်မယ်ဆိုတာ ငါသိပြီးသား"
      နဲင်ကျင်းက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
      “ငါ နင့်အတွက် တကယ်ဝမ်းသာတယ်"

      “ဟုတ်ပါပြီ၊ ဒါနဲ့ နင်ကကော ဒီမှာ ဘာလုပ်နေတာလဲ"
      ရှလေက မေးလိုက်သည်။

       “ငါ့ဦးလေးကခေါ်လို့ လိုက်လာတာ၊ အစတုန်းက သဲ့ဝမ်ချောင်ကော လာလိမ့်မယ်လို့ မထင်မိခဲ့ဘူး"
       နဲင်ကျင်းက ပြောသည်။

       ရှလေသည် အလျင်အမြန်ပင် အခြေအနေကို နားလည်သဘောပေါက်သွားသည်။ နဲင်ကျင်း၏မိဘများက နဲင်ကျင်းနှင့် သဲ့ဝမ်ချောင်တို့အား အပြန်အလှန် ခင်မင်တွယ်တာသွားစေလိုသောအကြောင်းကြောင့် နဲမ်ရွမ်ရှန်းသည် နဲင်ကျင်းအား ပါတီပွဲသို့ခေါ်လာရခြင်းဖြစ်ပြီး ရှန်းထူမိသားစုနှင့် လုပ်ကိုင်ကြမည့် လေအားလျှပ်စစ်စီမံကိန်းအတွက်လည်း တစ်စုံတစ်ရာ‌အကျိုးကို မျှော်ကိုးထားခြင်း ဖြစ်သည်။ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ကို မိအောင်ဖမ်းမည့် အ‌ခြေအနေမျိုးဖြစ်ရာ အဘယ်ကြောင့် သဲ့ဝမ်ချောင်အား မဖိတ်ခေါ်ပဲ နေပါမည်နည်း။

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora