အပိုင်း(၇၃) ဖောက်သည်သစ်

102 13 0
                                    

        ရှလေသည် ဟဲလောင်ချီ၏ လိပ်စာနှင့် မိသားစုအကြောင်းအချက်အလက်များကို ရရှိပြီဖြစ်သော်လည်း ၎င်းနှင့် မည်သို့ရင်ဆိုင်ရမည်ကို ကြံရာမရသေးပေ။ ၎င်း၏အိမ်ထဲသို့ ဝင်ရောက်ဖို့မှာ မလွယ်ကူနိုင်သည့်အပြင် ၎င်းအား ရှင်းလင်းဖို့မှာလည်း ဖြစ်နိုင်ပါမည်လော။ သူ၏သားကို ပြန်ပေးဆွဲခြင်းမှာလည်း မှန်ကန်မည်မဟုတ်ပေ။ ရှလေသည် လူမိုက်သူခိုးကြမ်းပိုးမဟုတ်သလို ထိုသို့သောအလုပ်များကိုလည်း လုပ်ခဲ့ဖူးခြင်း မရှိပါချေ။ ဟဲလောင်ချီ၏ အိမ်ထဲသို့ ခိုးဝင်ပြီး ၎င်းမမှန်မကန်ပြုလုပ်၍ ကျူးလွန်ထားသည့်ကိစ္စတစ်ခုခုအတွက် သက်သေကိုခိုးယူရန် တွေးမိထားခဲ့သော်လည်း ချင်ရှောင်၏ ပြောပြချက်အရ ဟဲလောင်ချီသည် ထိုသို့သော လုပ်ရပ်မျိုးကို ကိုယ်တိုင်လုပ်ဆောင်လေ့ရှိသူ မဟုတ်မှန်း သိခဲ့ရသည်။ ထို့ကြောင့် ၎င်း၏အိမ်သို့ ခိုးဝင်၍ သက်သေရှာခြင်းမှာ ထိရောက်ပါမည်လော ။

       သို့သော်လည်း လက်ရှိအခြေအနေမှာ ဆိုးရွားသည်ဟုတော့ မဆိုင်နိုင်ပါချေ။ အနည်းဆုံးတော့ ချင်ရှောင်နှင့် မိတ်ဆွေဖွဲ့ထားနိုင်ခဲ့သည့် အကျိုးအမြတ်တော့ ရရှိခဲ့သေးသည်။ ဤသည်မှာ ဟဲလောင်ချီအား ရင်ဆိုင်သွားရန်အတွက် ပထမဆုံးခြေလှမ်း စတင်လိုက်နိုင်ခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်သည်။

       ရှလေသည် သီးသန့်ခန်းထဲ၌ အချိန်အနည်းငယ်ကြာ ထိုင်နေပြီးနောက်တွင် ငွေရှင်းကောင်တာသို့ ငွေရှင်းခဲ့ပြီး ဂျူရှန်ဂါးဒန်းလက္ဖက်ရည်ဆိုင်မှ ထွက်ခွာလာခဲ့ကာ လျှပ်စီးမြင်ဝပ်ရှော့သို့ ပြန်လာခဲ့လိုက်သည်။

      သူ ကားပေါ်မှဆင်းလိုက်စဉ်မှာပင် အလုပ်ရုံထဲ၌ မာရှောင်အန်းနှင့် လူစိမ်းနှစ်ယောက်သည် အကြောင်းရာတစ်ခုကို ပြောဆိုနေကြသည်ကို ‌မြင်တွေ့လိုက်ရသည်။ သူသည် ထိုလူနှစ်ယောက်ကို အကဲခတ်ကြည့်သည်။ ၎င်းတို့သည် ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး သားရေအိတ်များကိုလည်း ကိုင်ဆောင် သယ်ယူထားကြကာ ခန့်ညားသောအသွင်လည်း ရှိကြသည်။ သိချင်စိတ်ဖြစ်ပေါ်လာပြီး တွေးတောကြည့်လိုက်သည်။
       ‘ဘယ်သူတွေများလဲ၊ ဘာကိစ္စရှိလို့များ ငါ့အလုပ်ရုံကို လာကြတာလဲ'

နတ်ဘုရားမျက်လုံး ( Book-1 )Nơi câu chuyện tồn tại. Hãy khám phá bây giờ