အပိုင်း(၁၉) ဝင့်ဝါသော လူငယ်

176 21 0
                                    


     နာရီဝက်ခန့်ကြာပြီးနောက် ကျန့်လုရီ၏ ကားသည် ပင်လယ်နှင့် အနီးအနားတွင် ရှိသည့် အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ စားသောက်ဆိုင်ထဲတွင်  ညစာ စားသုံးနေသူများ သိပ်များများစားစားမရှိဘဲ ဆယ်ယောက်ဝန်းကျင်ခန့်လောက်သာရှိသည်။
    ကျန့်လုရီနှင့် ရှလေတို့သည် ပင်လယ်နှင့် ကမ်းခြေအလှကို ငေးမောနိုင်သည့် မြင်ကွင်းကောင်းကောင်းရနိုင်သော လူတစ်ရပ်စာခန့်ရှိသည့် ပြတင်းပေါက်ကြီးဘေးနားရှိ စားပွဲခုံတစ်လုံးတွင် ဝင်ထိုင်လိုက်ကြသည်။
     ရှလေသည် အနောက်တိုင်းအစားအစာကို ပထမဆုံး စားသုံးရမည်ဖြစ်သောကြောင့် အနည်းငယ်ကိုးရိုးကားယားဖြစ်နေသော်လည်း သူသည် မြန်မြန်ဆန်ဆန်ပင် အထာပြန်ဖမ်းနေလိုက်သည်။

     “လေ၊  ငါ နင့််ကို တကယ်ပဲ  ကျေးဇူးတင်တယ်”
     ကျန့်လုရီသည် ဝိုင်ခွက်အနီကို ကိုင်မြှောက်ရင်း ပြောလိုက်သည်။
     “နင့် အတွက် ပေါင်မုန့်ကင်မှာလိုက်မယ်”

     ရှလေ ပြုံးလိုက်ပြီး
     “နင် ငါ့ကို တကယ်ကျေးဇူးတင်တယ်ဆိုရင် ပုဇွန်ထုပ်တစ်ပွဲကော မှာလိုက်လေ”

    ထိုအခါ ကျန့်လုရီသည် ရုတ်တရက် သူမ၏ ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်ပြီး ခြေထောက်ကိုမြှောက်ကာ ရှလေ၏ ပေါင်ခြံကို ကန်လိုက်သည်။

     ရှလေသည် ရှောင်ချိန်မရလိုက်ပဲ သူ၏ခြေထောက်များကို ကမန်းကတန်း စုလိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်-
     “နင် ဘာလုပ်တာလဲ.. ဒါက စားသောက်ဆိုင်နော်”

     ကျန့်လုရီသည် သူမ၏ ခြေထောက်ကို ပြတ်ယုတ်လိုက်သော်လည်း ရှလေသည် နောက်ထပ် ထပ်လုပ်ခံရမည်ကို စိုး၍ သူ၏ခြေထောက်နှစ်ဖက်ကို စေ့ထားလိုက်သည်။ သူတို့နှစ်ယောက်၏ ခြေထောက်များသည် တွန်းလိုက် ဆွဲလိုက်နှင့် ဖြစ်နေကြပြီး အများပြောစရာပင် ဖြစ်စေနိုင်လောက်သည်။ သေလောက်အောင် ရှက်စရာကောင်းသော်လည်း သူတို့သည် တစ်ဖက်နှင့် တစ်ဖက် အလျော့မပေးနိုင်ဖြစ်နေကြသည်။ ရုတ်တရက် ရှလေသည် သူ၏ ခြေထောက်ကို ဖြေလျော့ပေးလိုက်သည်။ ထိုအခါ ကျန့်လုရီ၏ ခြေထောက်သည် အရှိန်လွန်ကာ လမ်းကြောင်းလွဲပြီး ရှလေ၏ ဟိုနေရာကို အားပါပါနှင့် ကန်မိလိုက်သည်။
     ခြေထောက်နှင့် ခြေထောက်မဟုတ်သည့် အရာတစ်ခုတို့ အကြား ထိခိုက်မှုသည် ဥက္ကာပျံပျက်ကျသလို ပေါက်ကွဲမှုကြီးကြီးမားမားဖြစ်မသွားသော်လည်း ၎င်းတို့၏ ဓာတ်သဘောအရ တုံပြန်သည့်အနေဖြင့် နှစ်ယောက်စလုံး၏ လှုပ်ရှားနေမှုများ ငြိမ်သက်သွားခဲ့သည်။

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora