အပိုင်း(၉) လာစမ်းပါ

203 35 0
                                    

     “နင် ဘယ်သူ့ကို ဖုန်းဆက်မလို့လဲ၊ ရှရွှယ်လား၊ ဒါမှမဟုတ် မာရှောင်အန်းလား”
     ကျန့်လုရီသည် ရှလေက ယခုလိုအချန်မျိုးတွင် မည်သူ့အား ဖုန်းခေါ်မည်ကို စိတ်ဝင်စားနေမိသည်။

     “မိတ်ဆွေတစ်ယောက်ပါ၊ နင်မသိလောက်ပါဘူး၊ မေးမနေပါနဲ့”
     ရှလေသည် ဖုန်းကို နား၌ကပ်ထားရင်း ပြန်ပြောလိုက်သည်။

     ငါးစက္ကန့်ပင် ကြာလိုက်သည်၊ တစ်ဖက်က ဖုန်းကို ချက်ချင်းဆိုသလို ပြန်ဖြေကြားခဲ့သည်။
     “ဟယ်လို၊ ဘယ်သူပါလဲ”
      အမျိုးသမီးတစ်ယောက် အသံထွက်ပေါ်လာသည်။ သူမ၏ အသံတွင် အေးစက်ပြတ်သားမှုနှင့် သင်္ကာမကင်းမှုများ အပြည့်ပါဝင်နေသည်။

     “ငါပါ၊ ရှလေ”
      ရှလေက ဆက်ပြောလိုက်သည်။
     “ငါ့ကို မှတ်မိလား”
    
     “မှတ်မိတာပေါ့၊ ငါ မနေ့ညကတောင် နင့်ကို ဖုန်းခေါ်သေးတယ် ဒါပေမဲ့ နင် ဖုန်းမကိုင်ခဲ့ဘူး”

     ထိုအခါ ရှလေသည် မနေ့ညက သူဆေးရုံထဲတွင်ရှိနေစဉ် ဖုန်းနံပါတ်စိမ်းတစ်ခု ဝင်လာတာကို သတိပြန်ရသွားသည်။ သူသည် အာမခံကြေးကိစ္စနှင့် ပက်သက်ပြီး တစ်ယောက်ယောက်က ဖုန်းခေါ်သည်ဟုသာ ထင်မှတ်ခဲ့ပြီး လုံပိန်ဖြစ်နေလိမ့်မည်ဟု မထင်မိခဲ့ပေ။
     “ငါ တောင်းပန်ပါတယ်၊ နင်မှန်းမသိလို့ ငါ ဖုန်းမကိုင်လိုက်တာ”
    
     “ဆိုတော့ကာ နင် အခု ဘာလို့ ငါ့ကို တစ်ခြားတစ်ယောက်ဖုန်းနဲ့ ဖုန်းခေါ်နေတာလဲ”
     လုံပိန်က မေးလိုက်သည်။

     “ကောင်းပြီ၊ ငါ နင့်ကို ပြောပြမယ် အယ်…”
     ရှလေသည် အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ဆက်၍ပြောသည်။
     “ငါ အခု ပြဿနာတစ်ခု တက်နေတယ်၊ အဲဒါ နင်များ ငါ့ကို ကူညီနိုင်မလားလို့ လှမ်းစုံစမ်းကြည့်တာ”

     “နင်က အခု ဘယ်မှာလဲ”

     “ဟိုင်းကျူးမြို့ မြောက်ပိုင်းရဲစခန်းမှာ”

     “အိုကေ၊ ငါလာမယ် ခဏစောင့် ဆယ့်ငါးမိနစ်ပဲ”
     ထို့သို့ ပြောပြီးနောက် လုံပင် ဖုန်းချသွားသသည်။

     ရှလေသည် ဖုန်းကို နား၌ ကပ်ထားရင်း ခတ္တမျှကြောင်တောင်တောင် ဖြစ်သွားသည်။ လုံပိန်သည် သူကြုံတွေ့နေရသည့် ပြဿနာအကြောင်းကို မမေးမြန်းခဲ့ပေ။ သူမသည် ဘာမှများများစားစား မမေးဘဲ နေရာကိုသာ မေးပြီး လာမည်ဟုပြောကာ ဖုန်းချသွားသည်။

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora