အပိုင်း(၁၇) ကျားမ မာန်ဖီ

177 27 0
                                    


     ရှလေ၏ ဘယ်ဘက်မျက်လုံးသည် အသက်ဝင်လာကာ စာကြည့်ခန်းအတွင်းရှိအရာများအားလုံကို မြင်တွေ့လာရပြီး ဖုန်းကွယ်ထားသည့် အချို့အရာများကိုပင် ထင်ထင်ရှားရှား မြင်တွေ့လာရသည်။ ထိုသို့ကြည့်နေရင်း ‘ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုများ’ဟူသည့် ခေါင်းစဉ်တပ်ထားသည့်စာအုပ်တွင် သူ၏ အကြည့်မှာ လျှင်လျှင်မြန်မြန်ပင် ရပ်တန့်သွားသည်။ စာအုပ်၏ ခေါင်းစဉ်က သူ၏အာရုံကို ဆွဲဆောင်လိုက်နိုင်ခြင်းကြောင့် မဟုတ်ပဲ စာအုပ်ကြားထဲတွင် ရှိနေသည့် စာရွက်ပိုင်းလေးကြောင့်ပင် ဖြစ်သည်။
    ရှလေသည် ထိုစာအုပ်ကို စာအုပ်စင်ထဲကနေ ထုတ်ယူလိုက်ပြီး သေသေသပ်သပ်ခေါက်ထားသည့် စာရွက်ပို်ငးလေးကို နှုတ်ယူလိုက်သည်။

     စာကို ဖတ်ကြည့်လိုက်ရာ
    လူတစ်ယောက် ကျွန်ုပ်ဆီကို မြေပုံတစ်ခု ယူလာပြတယ်၊ ပြီးတော့ သော့ပေါ်က အရစ်တွေက မြေပုံရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတာကို တွေ့ခဲ့ရတယ်။ ကျွန်ုပ် အဲဒီနှစ်ခုကို အတူတူပေါင်းစုပေါင်းကြည့်လိုက်တဲ့အခါမှာ သင်္ဘောပျက်က အရှေ့တရုတ်ပင်လယ်ထဲက ကျုံဝှေ့ကျွန်းအနီးမှာ ရှိတယ်လို့ ဖော်ပြထားတယ်။ သူက ကျွန်ုပ်နဲ့ အတူတူပေါင်းပြီး လုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကျွန်ုပ်ငြင်းပယ်လိုက်တယ်။ သင်္ဘောပျက်ပေါ်မှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေက ကျွန်ုပ်တို့ တစ်မျိုးသားလုံးပိုင်တဲ့အရာတွေပါ၊ တစ်ဦးတစ်ယောက်တည်းက ပိုင်ဆိုင်ရမည့် အရာမဟုတ်ပါဘူး။ ကျွန်ုပ် မနက်ဖြန်ကျရင် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဌာနကို အပျက်အစီးတွေကို အမြန်ဆုံးရှာဖွေနိုင်ဖို့ အစီရင်ခံစာတင်မယ်။ အားလုံးက အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်ခဲ့မယ်ဆိုရင် ရှေးဟောင်းသုတေသန အဖွဲ့အစည်းကြီးအတွက် အကျိုးသက်ရောက်မှုကောင်းတစ်စုံတစ်ရာ ရှိလာလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်။

     “ကျုံဝှေ့ကျွန်းလား”
     ရှလေ၏ သွေးခုန်နှုန်း ဆောင့်တက်သွားသည်။
     “ဒီယောက်ျားနဲ့ မိန်းမက ပါမောက္ခကို သတ်ပြီး သော့ကို ခိုးတာပေါ့၊ ငါသော့ဂဟေဆော်ပေးနေကတည်းက သူတို့က ကျုံဝှေ့ကျွန်းအနားက သင်္ဘောပျက်ကို ရှာနေကြတာပဲ၊ သူတို့က.. ငါဟာ အမှုကိစ္စနဲ့ ပက်သက်ပြီး ရဲကို မြန်မြန်ဆန်ဆန် အကြောင်းကြားပြီး သူတို့ကို ဖမ်းလိမ့်မယ်လို့ မထင်ခဲ့တာဖြစ်မယ်”

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora