အပိုင်း(၂၈) အမှားရှိသူ အမှန်ကိုကြောက်၏

149 10 0
                                    

ရက်သတ္တပတ်တစ်ပတ်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

လျှပ်စီးမြင်းဝပ်ရှော့လုပ်ငန်း၏ စီးပွားရေးသည်လည်း ပထမရက်နှင့် နှိုင်းဆပါက တိုးတက်မှုများ ရှိလာခဲ့သည်။ ဤသည်မှာ ကံကောင်းထောက်မ၍ ကံဇာတာတက်ခြင်အပိုငျး(၂၇) ကိစ်စကွီးတစျခုအတှကျ လုပ်ဆောင်လိုက်နိုင်ခြင်း

နောက်တစ်နေ့မနက်တွင်...
ရှလေသည် ရှရွှယ်ပြင်ပေးသည့် မနက်စာ စားပြီးနောက် အလုပ်ရုံသို့ သွားရန် ထွက်လာခဲ့လိုက်သည်။ သူသည် ကျန့်လုရီနှင့် မတွေ့မိအောင် ယခင်အချိန်ထက် တမင်တကာ ဆယ်မိနစ်စော၍ ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ လှေကားပေါ်မှ ဆင်းလာချိန်တွင် အောက်၌ ကျန့်လုရီသည် လက်ပိုက်လျက် သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။

သူမသည် ပေါ့ပါးသွယ်လျသော နွေရာသီယူနီဖောင်းကို ကြော့ကြော့မော့မော့ ဝတ်ဆင်ထားပြီး သူမကိုကြည့်ရသည်မှာ ထူးထူးခြားခြား တောက်ပြောင်လျက်ရှိသည်။ သူမသည် ရှလေအား အောက်ခံဘောင်းဘီသူခိုးတစ်ယောက်ကို ကြည့်နေသကဲ့သို့ စူးစိုက်ကြည့်နေလေသည်။

ရှလေသည် မနေ့ညက သူမ တင်ပါးအား ရိုက်မိခဲ့ကို သတိပြန်ရသွားပြီး ရှက်သလို ရွံ့သလို ဖြစ်သွားသည်။ သူသည် မရဲတရဲနှင့် ကြည့်ပြီး နှုတ်ဆက်လိုက်သည်။
"မောနင်းပါ လုရီ။ နင် ဒီမှာ ဘယ်သူ့ကိုစောင့်နေတာလဲ"

"နင့်ကို"

"ဘာလို့လဲ"

ကျန့်လုရီသည် ရှလေကို စိုက်ကြည့်လိုက်ပြီး
"မသိယောင်ဆောင်နေတာလား ဟမ်။ မနေညက နင်ဘာလုပ်တယ်ဆိုတာကို ငါမသိဘူးလို့များ နင်က ထင်နေတာလား။ လာ ရှင်းစမ်းပါဦး ငါ နင့်ကို စိတ်မဆိုးပါဘူး"

ရှလေသည် မထိတထိ ရယ်မောလိုက်ပြီး
"နင် မူးနေတာလေ၊ ပြီးတော့ ရှီလောင်ဆိုတဲ့ကောင်က နင့်ကို အိမ်လိုက်ပို့တယ်။ သူက နင့်ကို ဟိုဒင်း ဖြစ်ချင်နေတာ၊ ငါ အမြန်ရောက်လာပြီး သူ့ကို တားဆီးလိုက်တာ..."

ကျန့်လုရီ၏ မျက်နှာ တစ်ပြင်လုံး နီရဲသွားပြီး
"ငါ ပြောတာ အဲဒါ မဟုတ်ဘူး။ အဲဒီကောင်က သတင်းဆိုးရှိပြီးသား ငါသိတယ်။ ငါ့ကို အဲဒီကိစ္စ မပြောတော့နဲ့။ ငါ သိချင်တာ အဲဒီနောက်...၊ နင် အဲဒီနောက် ဘာဆက်လုပ်ခဲ့လဲ"

နတ်ဘုရားမျက်လုံး ( Book-1 )Место, где живут истории. Откройте их для себя