အပိုင်း(၅၄) ထင်ရှားသောလူများ စုစည်းတွေ့ဆုံရာ

118 16 0
                                    

      ရှလေသည် တက္ကစီကားငှားပြီး ရွှေရောင်ကမ်းခြေရပ်ကွက်သို့ထွက်လာခဲ့ရာ ညခုနှစ်နာရီ မတိုင်ခင် ရောက်ရှိခဲ့သည်။ သူ့တွင် ကားနှင့် ယာဉ်မောင်းလိုင်စင်‌ရှိနေသော်လည်း လမ်းမပေါ်တွင် တင်မမောင်းရဲသေးပေ။ ကျန့်လုရီသည် သူ၏ကားကို အလုပ်သွားအလုပ်ပြန် အသုံးပြုနေပြီး ဆီဖိုးကို သူ့ထံမှတောင်း၍ လူလည်ကျနေဆဲပင်ဖြစ်သည်။ သူ့အား ကူညီပေးခြင်းမျိုး မရှိသေးပေ။

       ထို့နောက် အစောင့်ဂိတ်ကိုဖြတ်ပြီး ရပ်ကွက်ထဲသို့ရောက်ရှိလာခဲ့သည်။ ရှလေကားပေါ်မှဆင်းလိုက်စဉ်တွင် အမျိုးသမီးနှစ်ယောက်သည် သူ၏အနားမှ ဖြတ်လျှောက်သွားသည်။ ထိုအမျိုးသမီးနှစ်ယောက်သည် သူ့အား တစ်ချက်မျှပင် လှည့်မကြည့်ပါချေ။ ရှလေသည် အဖြူရောင်ရှပ်လက်ရှည်၊ အညိုရောင်လည်စည်း၊ အနက်ရောင် ဘောင်းဘီရှည်နှင့် တောက်ပြောင်နေသော ရှူးဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ သူ၏ သန်မာသောကိုယ်၊ ချောမောခန့်ညားသော မျက်အသွင်နှင့် လိုက်ဖက်ညီစွာ ဝတ်ဆင်ထားမှုကြောင့် သူသည် အတော်လေးခန့်ညားလို့နေသည်။

       ရှလေသည်  တံခါးကို ခေါက်လိုက်သည်။ လျိုယင်သည် သူ့အား မြင်သည့်အခါ တောက်ပသွားပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
      “ဝိုး.. လေ၊ မင်း ဒီနေ့ တယ်ခန့်ညားနေပါ့လား"

      ရှလေလည်း ပြုံးပြလိုက်ပြီး
      “အမကြီးလျိုလည်း အရမ်းလှနေတယ်"

       လျိုယင်သည် အနက်ရောင် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံသည် ရင်သားကို အသားပေးထားသည့် လည်ဟိုက်ဖြစ်ပြီး ကျောက်ဘက်ကိုလည်း လှစ်ဟထားသည်။ ထို့အပြင် ဝတ်စုံသည် သူမ၏ သေးသွယ်သောခါးနှင့် တင်ပါးကောက်ကြောက်များကိုလည်း အကောင်းဆုံးပုံဖော်ပေးထားသည်။ ဤညတွင် သူမအား လှပနေသည်ဟု ပြောခြင်းထက် ဆွဲဆောင်မှုရှိနေသည်ဟု ပြောပါက ပို၍တိကျလိမ့်မည် ဖြစ်သည်။

       ရှလေ၏ ချီးမွမ်းမှုကြောင့် လျိုယင်သည် ပို၍ ယုံကြည်မှုရှိသွားဟန်တူသည်။ သူမသည် ပြုံးပြပြီးနောက် သူမ၏ အပြုံးမှာ ပို၍ချိုမြလာပြီး မယုံနိုင်လောက်သော ဆွဲဆောင်အားများ လေထုအတွင်း ပျံ့နှံ့လာသည်။

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora