အပိုင်း(၁၀) ရဲချုပ်ကိုလည်း ဖင်ဆောင့်ကန်

222 35 0
                                    

     လုံပိန်၏ လုပ်ရပ်ကို မြင်လိုက်ရသည့်အခါ ရှလေ အံ့အားသင့်တုန်လှုပ်သွားသည်။ သူမသည် ရဲတပ်ဖွဲ့က ခေါင်းဆောင်တစ်ယောက်ကို စကားတစ်ခွန်းမျှ မပြောပါဘဲ ကြမ်းပြင်ပေါ်လဲကျသွားသည်ထိ ကန်ချပစ်လိုက်သည်။

     လီချန်ဟွာလည်း ကြောင်အန်းအန်းဖြစ်သွားခဲ့သည်။ ထို့နောက် သူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်ပြီး ပျာယာခတ်စွာဖြင့် အော်ဟစ်လိုက်သည်။
     “သောင်းကျန်းနေတာပဲ၊ အဲ့ကောင်မကို ဖမ်းလိုက်ကြစမ်း”

     ရဲအရာရှိများ လုံပိန်ဆီသို့ ပြေးလာကြသည်။
     လုံပိန်သည် သူမ၏ စကတ်ကို တစ်ချက်ခါလိုက်သည်။ သူမ၏ ဖြူဖွေးလှပသည့် ပေါင်တံများ ပေါ်လွင်သွားပြီး ပေါင်တံတွင် ကြိုးပြားဖြင့် ချည်နှောင်ထားသည့် ပစ္စတိုသေနတ်တစ်လက်အား ကိုင်လိုက်တာကို မြင်လိုက်ကြရသည်။ ထို့နောက် တစ်စက္ကန့်ပင် မကြာလိုက်ပါ၊ သူသည် လီချန်ဟွာ၏ မျက်နှာတည့်တည့်ကို သေနတ်ဖြင်ချိန်ရွယ်လိုက်သည်။

     ရဲအရာရှိများ၏ လှုပ်ရှားဆောင်ရွက်နေမှုများ တုံ့ဆိုင်းကာ တောင့်တင်း၍သွားပြီး သူတို့၏ မျက်နှာများ သွေးဆုတ်သလို ဖြူဖျော့၍သွားသည်။
    
     လုံပိန်သည် သူမ၏ ရေခဲဆန်ဆန် အေးစက်သည့် အသံဖြင့် ပြောလိုက်သည်။
     “ငါကို ဖမ်းမလို့လား၊ နင်တို့မှာ အဲ့လိုလုပ်ဖို အရည်အချင်းမရှိဘူး”
     သူမ၏ လေသံတွင် ခက်ထန်မှုနှင့် အမိန့်အာဏာအရှိန်အဝါတို့ ပါဝင်လာသည်-
     “နင်တို့အားလုံး နောက်ဆုတ်လိုက်စမ်း၊ ပြီးတော့ သူ့ကို လွှတ်လိုက်”

     “မင်း… ငါ မင်းကို မေးလို့တော့ရတယ်မလား၊ မင်းက ဘယ်သူလဲ”
    လီချန်ဟွာသည် စောက်ရူးတော့မဟုတ်။ ရဲတစ်ယောက်ကို သေနတ်ဖြင့်  ချိန်ရဲသည့် အမျိုးသမီးမှာ သာမာန်တော့ မဖြစ်နိုင်ပါ။ သူမ၏နောက်တွင် တစ်ခုခုရှိနေနိုင်သည်။ သူမ၏နောက်ခံအကြာင်း ကောင်းကောင်းမသိသေးသ၍ သူသည် မည်သည့် အမှားတစ်ခုကိုမျှ မလုပ်ရဲသေးပေ။ လီချန်ဟွာသည် လုံပိန်နှင့် မျက်နှာချင်း တည့်တည့်ဆိုင်လိုက်သည်။

     လုံပိန်သည် တစ်စက်မျှမလှုပ်ဘဲ
     “ငါက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သိဖို့ ရှင့်မှာ အရည်အချင်းမရှိဘူး”

နတ်ဘုရားမျက်လုံး ( Book-1 )حيث تعيش القصص. اكتشف الآن