အပိုင်း(၇၁) ငွေနှစ်သိန်းဖြင့် ငှားရမ်းခြင်း

83 13 0
                                    


         အမျိုးသမီးသည် သူမ၏ ဆံပင်ကို ပြုပြင်ထိန်းသိမ်းပြီးနောက် အလှပြင်ဆိုင်ထဲမှ ထွက်ခွာလာခဲ့သည်။ ယနေ့အဖို့ သူမသည် အလှပြင်ဆိုင်၏ နောက်ဆုံးဖောက်သည်တစ်ယောက်ဖြစ်‌ပုံပေါ်သည်။ သူမ ထွက်သွားပြီးချိန်မှာပင် ချင်ရှောင်သည် သူ၏ဆိုင်တံခါးကို ပိတ်သိမ်းရန် ပြုလုပ်နေသည်။ 

      “ရှောင်.... နင် အိမ်ပြန်မှာလား၊ ဆေးရုံကို သွားမှာလား"

       အားလန်က မေးလိုက်သည်။ 

       “အိမ်မပြန်ခင် ဆေးရုံသွားပြီး အမေ့ဆီကို အရင်ဝင်ဦးမှာ"

        ချင်ရှောင်က ပြန်ပြောလိုက်သည်။ 

       “နင့်အမေ ခွဲစိတ်ဖို့အတွက်ကော ငွေအဆင်ပြေလား"

       အားလန်က မေးလိုက်သည်။

      ချင်ရှောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး

       “ငါ နည်းနည်း လိုအပ်နေတာလေးပါ၊ ငါ့မှာ စဉ်းစားထားတာတစ်ခုရှိပါတယ်။ ဒီ့အတွက် နင်တွေးပူမနေပါနဲ့။ အိမ်ပြန်လိုက်ပါ။ မနက်ဖြန် ဆိုင်ကို စောစောဖွင့်ရဦးမယ် မဟုတ်လား"

      “အင်းပါ၊ ဒါဆိုလည်း ငါ သွားပြီ"

       အားလန်သည် ထိုသို့ပြောပြီးနောက် သူမ၏ လျှပ်စစ်ဆိုင်ကယ်ဖြင့် ထွက်ခွာသွားခဲ့သည်။ 

     ချင်ရှောင်သည်လည်း သူ၏ယမဟာဆိုင်ကယ်ကိုစီး၍ ဘယ်ယာဉ်ကြောအစွန်းအတိုင်း မောင်းထွက်လာခဲ့သည်။ 

      အနီရောင်ပိုလိုကားသည်လည်း စက်စတင်နှိုးကာ ထိုဆိုင်ကယ်၏နောက်သို့ ‌လိုက်ပါ မောင်းနှင်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရာချီသောမီတာအကွာအဝေးတစ်ခုသို့ ရောက်ရှိလာသည်။ ဘယ်ယဉ်ကြောသို့ တဖြည်းဖြည်းချဉ်းကပ်လာခဲ့ပြီးနောက်တွင် ယမဟာဆိုင်ကယ်နှင့် ပိုလိုကားတို့မှာ သိပ်အလှမ်းမကွာတော့ချေ။ 

      အလှမ်းမကွာလှဟု ဆိုသော်လည်း မီတာနှစ်ရာအတိုင်းအတာခန့်အထိတော့ ကွာဟကြပြီး ထိုအတိုင်း လိုက်ပါလာခဲ့သည်။ 

နတ်ဘုရားမျက်လုံး ( Book-1 )Donde viven las historias. Descúbrelo ahora