အပိုင်း(၇၀) ‌နွေးထွေးသောအပြုအမူ

102 8 0
                                    


  
       ရှလေလည်း ရဲစခန်းသို့ လိုက်ပါခဲ့ရသည်။ ဖြစ်စဉ်မှာ ကိုယ့်ကိုယ်ကို ခုခံတိုက်ခိုက်ရခြင်း ဖြစ်သော်လည်း မှတ်တမ်းအတွက် ပြောပြရှင်းလင်းခဲ့ရသည်။ ၎င်းတို့ထဲမှ ထိန်းသိမ်းသင့်သူများကို ထိန်းသိမ်းပြီး ဆေးရုံပို့ရန်လိုအပ်သူများကို  စီစဉ်ပေးကာ ပြန်လွှတ်သင့်သူများကို ပြန်ခွင့်ပြုကြသည်။ အားလုံးပြီးစီးချိန်၊ ရှလေ ရဲစခန်းမှ ပြန်ထွက်လာစဉ်တွင် အတော်လေးပင် နောက်ကျနေပြီဖြစ်သည်။

          သူသည် အိမ်သို့ မပြန်သေးဘဲ လျှပ်စီးမြင်းဝပ်ရှော့ဆီသို့ မောင်းလာခဲ့သည်။

           လျှပ်စီးမြင်းဝပ်ရှော့သည် မသိမ်းသေးပဲ မီးရောင်များ ထွန်းလင်းနေဆဲပင် ရှိသေးသည်။ ရှလေ ကားပေါ်မှ ဆင်းလိုက်စဉ်မှာပင် ဝပ်ရှော့အတွင်း၌ ကျို့ရှောင်ဟုန် သန့်ရှင်းရေးလုပ်နေသည်ကို လှမ်းမြင်လိုက်ရသည်။ အလုပ်ရုံ၏ အတွင်း အပြင်နှင့် လမ်းဘေးနေရာအနှံ့တွင် ပစ္စည်းအကျိုးအပဲ့များနှင့် မှန်ကွဲစများ ပြန့်ကျဲနေသည်။

        ကျို့ရှောင်ဟုန်သည် တံမြက်စည်းနှင့် ဂေါ်ကို ကိုင်ကာ ကြမ်းပြင်ပေါ်က အပျက်အစီးများကို လှည်းကျင်းနေသည်။  သူမ လုပ်ကိုင်နေပုံကို ကြည့်နေရင်းမှာပင် တစ်ခုခုမှားနေသည်ကို ခံစားမိသည်။ သူမသည် လမ်းလျှောကိလိုက်တိုင်း ခြေထောက်မှာ ထော့နင်းထော့နင်းဖြစ်နေသည်။
       သူမ၏ခြေထောက်မှာ သံပိုက်တုတ်ဖြင့် အရိုက်ခံထားရသည်ကို ရှလေ ရုတ်တရက်သတိရသွားပြီး စိုးရိမ်ပူပန်သွားသည်။ သူသည် အလုပ်ရုံထဲသို့ ခပ်သွက်သွက် လျှောက်ဝင်လာခဲ့ပြီး ကျို့ရှောင်ဟုန်အား စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
       “ရှောင်ဟုန်၊ နင့်ခြေထောက် ဒဏ်ရာရထားတာမလား၊ ဘာလို့အလုပ်တွေ လုပ်နေသေးတာလဲ"

        ကျို့ရှောင်ဟုန်သည် ခေါင်းကိုမော့လိုက်မှသာ ရှလေအား မြင်တွေ့သွားသည်။ သူ၏ စကားကိုကြားသည့်အခါ သူမသည် တံမြက်စည်းနှင့် ဂေါ်ကို လွှတ်ချလိုက်ပြီး
         “အစ်ကိုကြီးလေပါလား၊ ကျွန်မ အဆင်ပြေပါတယ်၊ ကျွန်မ အစ်ကို့အတွက် ရေယူပေးမယ်"

နတ်ဘုရားမျက်လုံး ( Book-1 )Hikayelerin yaşadığı yer. Şimdi keşfedin