အပိုင်း(၈၁) ထိပ်တိုက်တွေ့

55 6 0
                                    

        တတိယဝိုင်းပတ်လမ်းနားရှိ မြေနေရာဆိုသည်မှာ ကြီးမားလွန်းသည်တော့ မဟုတ်ပါ။ ဧကအားဖြင့် (၂၀)ဧကဝန်းကျင်သာ ရှိပေသည်။ အစိုးရ၏ချထားမှုအရ တစ်မီတာပတ်လည်ကို ယွမ်ခြောက်ထောင် တန်ကြေးရှိသည်ဖြစ်ရာ ထိုတစ်နေရာလုံးဆိုပါက အနည်းဆုံး ယွမ်သန်း(၈၀)နှင့်အထက် ရှိမည်ဖြစ်သည်။ ထိုဈေးနှုန်းမှာလည်း လေလံမပြုလုပ်မီသာ ရှိသေးသည်။ အကယ်၍ အစိုးရမှ တင်ဒါခေါ်လိုက်ပါက လုပ်ငန်းရှင်ကြီးများက လေလံအပြိုင်ဆွဲကြမည်ဖြစ်ပြီး ဈေးနှုန်းမှာလည်း နှစ်ဆခန့်ထိ ရောက်ရှိသွားနိုင်ခြေရှိ‌သည်။ သို့တည်းမဟုတ်ပါကလည်း ယွမ်းသန်း(၁၀၀)ထိ‌ပင် ရောက်သွားကောင်း ရောက်သွားနိုင်သည်။ နေရာမှာ ဆိပ်ကမ်းနှင့်လည်း နီးသည့်အတွက် လုပ်ငန်းရှင်များအဖို့ လက်လွှတ်နိုင်ကြမည် မဟုတ်ပါချေ။

      လိုင်စစ်ယောင်သည် မြေနေရာ၏ဈေးနှုန်းကို မြင်သည့်အခါ မျက်လုံးပြူးသွားရသည်။
       “ဒီလိုနေရာမျိုးကို စက်ရုံအလုပ်ရုံတည်မယ်ဆိုတာကတော့ နှမြောစရာပဲ။ ငါသာဆိုရင် လူနေတိုက်ခန်းတွဲတွေဆောက်မှာ။ နေရာကလည်း ကောင်းတယ်၊ ဆေးရုံနဲ့ကော ကျောင်းနဲ့ပါ နီးတယ်။ တစ်ပေပတ်လည်ကို တစ်သောင်းနှုန်းနဲ့သာ တွက်ကြည့်ရင် အများကြီးရမှာပဲ။ ဝိုး…. ငါဆို ချက်ချင်းကို ကြီးပွားသွားမှာ"

      ရှလေက ရယ်ပြုံးလိုက်ပြီး
       “ဟွမ်းရိဟူကလည်း မစ္စစ်နဲ့ စိတ်ကူးချင်း အတူတူပဲ၊ သူကလည်း ဒီနေရာကို လူနေအဆောက်အဦးတွေ ဆောက်လုပ်ချင်နေတာ။ ဒါပေမဲ့ ငါက သူ အဆောက်အဦးဆောက်ချင်နေတဲ့ နေရာမှ စက်ရုံတည်ဖို့ အတင်းလုပ်သွားမှာ"

      “သူ နင့်ကို သတ်ချင်နေတာတောင် နင်က သူ့ကို သွားဆွဖို့ ကြိုးစားနေတာလား"
       လိုင်စစ်ယောင်က ပြောလိုက်သည်။

       “သူ ‌ဒေါသဖြစ်လွန်းလို့ သေသွားလည်း နားအေးတာပေါ့၊ သူ့လို လူမျိုးတွေက စောစောသေသွားလေ ကောင်းလေပဲ။ လူဆိုးတွေကြောင့် လူကောင်းတွေက အသက်တိုရတယ်"
       ရှလေ မာရှောင်အန်းကို သတိရသွားပြန်သည်။

       လိုင်စစ်ယောင်က သူ့ကို နှစ်သိမ့်လိုက်သည်။
       “စိတ်မကောင်းမဖြစ်ပါနဲ့။ ငါတော့ ဒီနေရာကို စိတ်ဝင်စားနေတဲ့ လုပ်ငန်းရှင်တွေနဲ့ပက်သက်ပြီး စိုးရိမ်မိတယ်။ ဒီနေရာကလည်း တန်ကြေးရှိတယ်လေ။ နင့် မိတ်ဆွေနှစ်ယောက် ဒီနေရာကို ရအောင် စွမ်းဆောင်ပေးနိုင်ပါ့မလား။ နင့်မှာကလည်း ပိုက်ဆံက မရှိပြန်ဘူးဆိုတော့"

နတ်ဘုရားမျက်လုံး ( Book-1 )Où les histoires vivent. Découvrez maintenant