' လျိုဖန်က ရှောင်မုချန်နဲ့ ချူးလီရဲ့
သံသယ'ချင်အင်ပါယာက အင်မတန်ကျယ်ဝန်းကာ အဓိကမြို့တော်မှာ ဧရိယာ အတော်အတန်နေရာရထားပြီး နယ်မြေအား ရှေ့၊နောက် ၊တောင်၊မြောက် လေးပိုင်းခွဲခြားထားသည်။ တုံးလင်အိမ်တော်သည် တုံးချိုင်ခရိုင်တွင် တည်ရှိပြီး လူနေထူထပ်သည်။
လှည်းရထားသည် အဓိက လမ်းမကျယ်ပေါ်သို့ မောင်းနှင်လာသည်။ရှန်လျန်က ချီရွှမ်းအား ဖေးယွီအဆောက်အဦးသို့ တိုက်ရိုက်မောင်းသွားခိုင်းမည့်အစား လျိုဖန် အဆောက်အဦးသို့ ဦးတည်စေသည် ။ လျိုဖန် အဆောက်အဦးဟုဆိုသည်နှင့် လူနေအိမ်ဟု ထင်စေလိမ့်မည်။ အမှန်တစ်ကယ်က စီးပွားရေး ဆိုင် တစ်ဆိုင်သာ ဖြစ်သည်။
ထိုဆိုင်က အစုံရောင်းသည်။ ပစ္စည်းများပြုပြင်ပေးခြင်းတော့မရှိ။ အကယ်၍ သင်က သတင်း အချက်အလက် သို့မဟုတ် လူတစ်ယောက်ရဲ့ဘဝကို လိုချင်ပါသည် ဆိုလျှင်လည်း ထိုဆိုင်တွင်ဆွေးနွေးနိုင်သည်။ အိမ်ထောင်ဖက်လဲ ရှာပေးသလို အခြားအလုပ်လည်း လုပ်သေးသည်။ သင်က ဝယ်ရဲရင် ထိုဆိုင်က ရောင်းရဲသည်။ သေချာပေါက် ပစ္စည်းကောင်းတစ်ခုခုကိုရောင်းချင်ပါက တန်ဖိုးငွေလည်း များများရမည်ပင်။ ထိုဆိုင်က ဝယ်လျှင်ဝယ် မဟုတ်လျှင် အခြားဝယ်မယ့် သူကိုရှာပေးခြင်းဖြင့် အကျိုးဆောင်ခယူသည် ။
အရင်ဘဝက ဤသို့သောနေရာမျိုးရှိမည်ဟု ရှန်လျန်မသိခဲ့ပေ။ ချင်ယွင်ရှန်းမှ သူ့အား အရိပ်တပ်ဖွဲ့ ကို ရှာဖွေရန် လျိုဖန်အဆောက်အဦးသို့ ငွေပေးစုံစမ်း ခိုင်းသောကြောင့် သိခဲ့ရခြင်းဖြစ်သည်။
ကံမကောင်းစွာနှင့် ကိုယ်ရံတော်အဖွဲ့က သူတို့၏ သခင်ကို ရှာမတွေ့ခင် လျိုဖန်အဆောက်အဦးက ရုတ်ချည်းဆန်စွာ ပိတ်သွားပြီး ဘယ်တော့မှ ပြန်ဖွင့်မလာတော့ပေ။
"အစ်ကို ဗျ၊ မနက်စောစော ဘာများအလိုရှိလို့ ဒီကိုရောက်နေတာလဲဗျ?"
လျိုဖန်အဆောက်အဦး၏ တတိယမြောက်အထပ်တွင်ဖြစ်သည်။ပိန်ပိန်ပါးပါး လူတစ်ယောက်က အိပ်ချင်မူးတူး ဖြင့်သူတို့ဆီလျှောက်လာသည်။ ဧည့်ဝတ်ပြုနေစဉ်ပင် သန်းဝေနေသေးသည်။သူ့ပုံစံမှာ မနေ့ညက မအိပ်ရသေးသည့်ဟန်။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historical FictionCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .