' နန်းတွင်းအရာရှိ ဝင်ခွင့်စာမေးပွဲဖြေဆို၊ ရှန်ချောင် လက်ထပ်ထိမ်းမြား'
မနက်ပိုင်းက စတုတ္ထမင်းသားရဲ့ စံအိမ်တော်မှာ ဘာတွေ ဖြစ်သွားမှန်း အပြင်လူတွေ မသိလိုက်ကြချေ။ ဘာလို့ဆို ဒီနေ့က ရှန်ချောင်နဲ့ မင်းသားကျန်း လက်ဆက်နေ့တဲ့ဖြစ်သည့်အပြင် နန်းတွင်းအရာရှိဝင်ခွင့် စာမေးပွဲစစ်ဆေးသည့်နေ့ လည်း ဖြစ်ရာ လူတိုင်းရဲ့အာရုံစိုက်မှုက သူတို့အပေါ် မရှိနေ ။မနှစ်က ကြီးကြပ်ရေးမှူးတွေ လာဘ်စားတဲ့အမှုက အတော်လေးကြီးခဲ့တာကြောင့် ယခုနှစ် စာမေးပွဲတွင် ဧကရာဇ်က မည်သည့်အမှားအယွင်းမှ မဖြစ်စေရန် ပြင်ဆင်ခဲ့သည်။
ကျန်းအကြီးအကဲနဲ့ ကျောက်အကြီးအကဲ အပြင် သမာသမတ်ကျသည့် အကြီးအကဲများကို စာမေးပွဲနဲ့ သက်ဆိုင်သည့် ကိစ္စရပ်အားလုံးကိုကြီးကြပ်ရန် တာဝန်ပေးခဲ့သည်။
ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေချိန်အတွင်း ဖြေဆိုသူများသာ စာမေးပွဲခန်းမထဲ ဝင်ခွင့်ရှိသည်။ မိသားစုဝင်များနဲ့ အတူပါလာသည့်အစေခံများက လိုက်လံလိုက်ဆောင်သဖြင့် အပြင်ဘက်တွင်အုန်းအုန်းကြွက်ကြွက်။ ကံကောင်းထောက်မစွာဖြင့် ကျန်းအကြီးအကဲက အမျှော်အမြင်ရှိစွာနဲ့ ဧကရာဇ်အရှင်မင်းမြတ်ကို ကြွရောက်ပေးပါရန် ဖိတ်ခေါ်ထားရာ နောက်လိုက် ဗိုလ်ပါစစ်သည်များ၏ အရှိန်အဝါဖြင့် လူထုက ရုန်းရင်းဆန်ခတ် ဖြစ်ခြင်း မရှိပါ။
"ယွင်ရှီး .. စိတ်အေးအေးထားပြီး စာမေးပွဲသွားဖြေခဲ့၊ ကဗျာ ခြောက်ပုဒ် တစ်ထိုင်တည်းရေးစပ်နိုင်တဲ့ သူ မဖြစ်လည်း ကိစ္စမရှိဘူး"
ဖုရင်က လူအုပ်ကြားထဲမှာ ဖုယွင်ရှီးကို ကြင်ကြင်နာနာ အကြံပေးသည်။ သားဖြစ်သူကို အမြင့်ကြီး မမှန်းပေ။ ထို့အစား ဘေးကင်းလုံခြုံဖို့သာ အဓိကဖြစ်သည်။
"သိပါပြီ အဖေ.. အမြန်ပြန်နှင့်လိုက်တော့၊မစောင့်တော့နဲ့၊ ကျွန်တော် စာမေးပွဲအောင်တာနဲ့ အဖေ့ကိုထိပ်ဆုံး ပြောပြမယ် ဟုတ်ပြီလား"
ကျန်းမာနေတဲ့ ဖခင်ကိုမြင်တော့ ဖုယွင်ရှီး ဝမ်းသာသည်။ ရှန်လျန်က သူတို့အချင်းချင်းကြား သဘောတူညီမှုကို ဖျက်သိမ်းပေးလိုက်တာတောင် အဖေက ရှန်လျန့်ဆီမှာစိတ်လိုလက်ရ အလုပ်လုပ်ပေးနေဆဲဖြစ်ပြီး ပျော်လည်း ပျော်ရွှင်နေ သည်။ ဖခင်ရဲ့ သဘောထားကိုမြင်လို့လည်း အိမ်ပြန်ခွင့်ပြုဖို့ ရှန်လျန့်ဆီ မတောင်းဆိုခဲ့တာပင်။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Ficción históricaCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .