' မြို့စားမင်း၏ နှုတ်ဆက်စကား'
"အဟင်း... ဒါပေါ့ သူတို့က သတိထားမိသွားရအောင်ကိုယ့်ကိုဘယ်သူထင်လို့လဲ?! လို့ ခင်ဗျားပြောလာမယ်ထင်နေတာ"
ဖေးယွမ်ရွှင်းရဲ့ အပွေ့ဖက်ကနေ ရုန်းပြီး ဘေးမှာ ထိုင်လိုက်၏။ ထို့နောက် စားပွဲပေါ် ၌ လက်တစ်ဖက်ထောက်၊ မေးတင်ရင်း ပြုံးလိုက်သည်။
ဖေးယွမ်ရွှင်းက သူ့နဖူးကို လက်နဲ့လှမ်းတောက်ကာ
"ငယ်လေးက ကိုယ့်ကို စနောက်ရဲနေပြီပေါ့"
"ဘာတွေ ပြောနေတာလဲ.. ကျွန်တော်က ခင်ဗျားကို စတယ် ဟုတ်လား"
ရှန်လျန်သည် စကားနိုင်လုရာ၌ အလွန် ကျွမ်းကျင်သူ ဖြစ်၏။
"ထားပါတော့.. ခု အတည်ပြောမယ်.. ဘာလို့ ဒီရောက်နေတာလဲ? ဝမ်ယွဲ့မြို့ အခြေအနေ ကောင်းသွားမှ ပြန်လာပါဆိုနေ"
ယောင်းကွမ်နဲ့ ထျန်းချွမ်တို့ နှစ်ဦးလုံး က တာဝန်ထမ်းဆောင်နေကြသည်။ ဒီရက်ပိုင်းအတွင်း ဖေးယွမ်ရွှင်းကလည်း ခြေရာခံမရအောင် ပျောက်သွားရာ ရှန်လျန်မှာ တစ်ခုခုလိုနေသလိုလို နေမထိထိုင်မသာ ဖြစ်ကျန်ခဲ့သည်။ အကျင့်က ဖျောက်ဖျက်ရခက်၏။
တွေ့ဖူးတာ အချိန် ဘယ်လောက်ရှိသေးလို့လဲ နော်? ရှန်လျန်သည် ထိုလူ၏တည်ရှိမှုကို နေသားကျနေခဲ့ပြီ ။
"အမိန့်ပေးစရာရှိတာတွေ ပေးထားခဲ့ပြီးပြီ... ကောင်းကောင်း စီစဉ်ဆောင်ရွက်ဖို့ရယ် သတင်းစောင့်ပြီး၊ တုံ့ပြန်ဖို့ပဲကျန်တော့တယ်... မတွေ့ရတာ ကြာနေပြီ... ကိုယ့်ကိုသတိမရဘူးလား? ဒီအချိန်လေးကို ပျင်းစရာကောင်းတဲ့ ကိစ္စတွေ ဆွေးနွေးရင်းအချိန်ကုန်မလို့လား ဟင်"
ရှန်လျန်က သူ့ကိုယုံကြည်သလို ဖေးယွမ်ရွှင်း ကလည်း ကိုယ့်စကားကိုယ် တာဝန်ယူရဲ၏။ ကိစ္စအားလုံးက သူကိုယ်တိုင် ကိုင်တွယ်ပေးရမယ့်အဆင့်ထိ မရောက်သေးတာတစ်ခုပဲ ။
ဒီရက်တွေ မှာ ရှန်လျန့်ဆီ မလာနိုင်တာကလည်း ပင်းရန်မြို့ကို ခရီးထွက်နေရ၍ဖြစ်၏။"ဘာလို့ သတိရရမှာလဲ? ဒီတစ်လော ကျွန်တော် ဘယ်လောက်အလုပ်ရှုပ်နေလဲ သတင်းကြားတယ်မဟုတ်လား? ကြည့်ကြည့်! အိမ်ကျယ်သွားပြီမလား.. ရှစ်ရက်အတွင်း အပြီးဆောက်တာကိုယ့်ဟာကိုယ် ယားလို့တောင်မကုတ်အားဘူး"
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historical FictionCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .