'ချင်ယွင်ရှန်း နဲ့ ရှန်ချောင် ကို ထိပ်တိုက်ရင်ဆိုင်မယ်'
မြေပြင်ပေါ်သယ်ခေါ်လာပြီးနောက် ဖေးယွမ်ရွှင်း သူ့အပေါ်ဝတ်ရုံကို ချွတ်ကာ ရှန်လျန့် တစ်ကိုယ်လုံး လွှမ်းခြုံထားပေးလိုက်သည်။ရုန်းရင်းဆန်ခတ်အခြေအနေကြောင့် ရှန်လျန့်ဆံပင်စည်းကြိုးကပြေလျော့သွားကာ ပခုံးပေါ်ကျသွားသည်။ ဆံစတစ်ချို့မှာတော့ ပါးပြင်ပေါ်တွင်ကျဆင်းလျက်.... လူအားလုံးက ရှန်ချောင်ကိုသာ အာရုံစိုက်နေကြရာ ရှန်လျန်၏ ရှက်ရွံ့ဖွယ် ဖရိုဖရဲအနေအထားက အာလုံးရဲ့အကြည့်မှ လွှတ်မြောက်သွားသည်။ ရှန်လျန့်ကို ကယ်ဆယ်ပေးလိုက်သည့်သူက အေးစက်စက်နှင့် အာဏာလွှမ်းမိုးတတ်သည့် ဖေးယွမ်ရွှင်းဖြစ်မှန်း လူအတော်များများ သတိမပြုမိကြချေ။
အားလုံးတော့ မဆိုလို.... ဘုရင့်သားတော်များက သူတို့နှစ်ယောက်ကိုတိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ထိုအချိန်တွင် ဖေးယွမ်ရွှင်း၏ အမူအရာက အေးစက်နေကာ ရှန်လျန်လည်း မျက်နှာ မကောင်းချေ။ ဖေးယွမ်ရွှင်းနဲ့ သူက ပုံမှန်သိကျွမ်းသည့်ဆက်ဆံရေးသာဖြစ်၍ သူ့ကိုကယ်လိုက်ခြင်းသည် ဖေးယွမ်ရွှင်းပေါ် ဖိအားအတော် သက်ရောက်သွားစေနိုင်သည်။
ရှန်ချောင်!
အားလုံးရဲ့အကြည့်တွေကနေ မုန်တိုင်းထန်နေတဲ့မျက်ဝန်းတွေ ကိုဖုံးကွယ်ဖို့ ကိုယ်ငွေ့နွေးနွေး ရှိတဲ့ ဖေးယွမ်ရွှင်းရဲ့အင်္ကျီကို လွှမ်းခြုံထားရင်း
ရှန်လျန် ခေါင်းငုံ့ထားလိုက်သည်။သူ့ကို စပစ်မှတ်ထားမယ့်သူက ရှန်ချောင်လို့ မထင်ထားခဲ့ဘူး၊ ကောင်းတယ်..သိပ်ကောင်းတယ်! ကျောက်လန်က သူ့ကိုအနိုင်ကျင့်ဖို့နဲ့ အကျဉ်းအကြပ်ထဲ တွန်းပို့ဖို့မစောင့်နိုင်တော့ဘူးထင်တယ်၊ သူ့သမီးနဲ့ ဒီလောက်ထိ လုပ်ခိုင်းတယ်ဆိုတော့... ကြည့်ကြသေးတာပေါ့..အနိုင်ကျင့်ခံရတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာ!
အနီးဆုံးမှာ ရှိနေတဲ့ ဖေးယွမ်ရွှင်းက သူ့ရဲ့စိတ်အခြေအနေကို ခံစားမိတာကြောင့် ရေထဲက တက်လာတဲ့ မောင်နှမ နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historische RomaneCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .