'ရှန်လျန်၏ ပြောင်းလဲသွားသော စိတ်အခြေအနေ'
"သခင်မလေးရဲ့ ကျန်းမာရေးက အရမ်းကောင်းမွန်ပါတယ်"သမားတော်က ရှန်ချန့်ကိုလျင်မြန်စွာ စစ်ဆေးပေးပြီးလေပြီ။ လျိုရှုဟန်က အပေါက်ဝမှာ စောင့်နေတဲ့စွင်းကျင့်ကို ခပ်ထေ့ထေ့ ကြည့်ကာ
"ကြားတယ်နော်?"
မယားငယ်တစ်ယောက်က ရဲရဲတင်းတင်းနဲ့ သူ့ရှေ့ပြေးလာရဲတယ်၊ ပြဿနာတွေပြီးသွားရင် တခြားသူတွေထက် ပုံဆိုးပန်းဆိုးသေအောင် လုပ်ပြမယ်.. ကြည့်ထား!
"ဟုတ်ကဲ့ ကျွန်မရှင်းရှင်းလင်းလင်း ကြားပါတယ်၊ သမားတော်ကျန်း.. ကျွန်မတို့ နောက်သခင်မလေး နှစ်ယောက်ဆီ သွားစမ်းသပ်ပေးရအောင်ပါ"
စွင်းကျင့်က ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သမားတော်ကို ပြန်ခေါ်လိုက်သည်။
လျိုရှုဟန်က သူတို့နောက်ကျောကိုကြည့်နေခဲ့ပြီး ရုတ်တရက် ပြောလိုက်သည်။
"သူတို့နောက်ကို လိုက်ကြည့်စမ်း"
"အမေ?"
မောင်နှမနှစ်ယောက် နားမလည်သဖြင့် လျိုရှုဟန် အလိုမကျဖြစ်သွားသည်။
"စွင်းကျင့်က အကြောင်းရင်းမရှိပဲ လာမှာ မဟုတ်ဘူး၊ သူ့မှာ တခြားရည်ရွယ်ချက် ရှိနေမှာစိုးလို့၊ အရင်လိုက်ကြည့်ခိုင်းလိုက်စမ်းပါ"
ကျန်းမာရေးစစ်ဆေးချက်ရလဒ်က ရှန်ကျင်းရော ရှန်ချောင်ပါ ကိုယ်ဝန်ဆောင်နေရမယ်လို့ လျိုရှုဟန်မထင်ထားခဲ့ဘူး၊ ရှန်ချောင်က သူတို့နဲ့ လာမရှုပ်နိုင်ပေမယ့် ရှန်ကျင်းရဲ့ ကိုယ်ဝန်က သူတို့အတွက် သိပ်မကောင်း၊ဒီကိုယ်ဝန်က ရှန်ဟွေးနဲ့ရတယ်ဆိုတာ အချင်းချင်း သိထားကြပေမယ့် ဖခင်အရင်းက သေပြီဖြစ်ပြီး ဘာမှ မဖော်ထုတ်ရန် နားလည်ထားကြသည်။ဘယ်သူမှမပြောသရွေ့ ရှန်ကျင်း၏ ကိုယ်ဝန်က စတုတ္ထမင်းသားရဲ့ သား၊ ဧကရာဇ်၏မြေးတော်ပဲ ဖြစ်လာလိမ့်မည်။
"အမေ...ရှန်ကျင်း သမီးထက် အရင် ကလေးမွေးလို့မဖြစ်ဘူး"
ရှန်ကျင်းကို သူ့ထက် အရင်ကလေးမွေးခွင့်မပြုနိုင်ဘူး။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historische RomaneCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .