'ရန်ဘက် စစ်သူကြီးအား လုပ်ကြံသတ်ဖြတ်ခြင်း'တင်းအန်းမြို့က တာ့ချင်နှင့် ဝေးလံလှသည့် အနေက်မြောက်နယ်စပ်တွင် တည်ရှိသဖြင့် အိမ်နီးနားချင်းတိုင်းပြည်များ၏ အမြဲတစေကျူးကျော်ခြင်းခံရသည်မှာ ဟော်ရဲ့လင်က စစ်နယ် မြေကိုခြေမချခင်အထိပင်။ နောက်ပိုင်းမှသာ တင်းအန်းမြို့က တဖြည်းဖြည်း အေးချမ်းလာပြီး ဟော်ရဲ့လင်၏ နာမည်ဂုဏ်သတင်းသည်လည်း ပို၍ပို၍ ကျော်ကြားလာသည်။
ရှန်တာ့၏ စစ်ပရိယာယ် တွေနဲ့ ကျူးကျော်လာသူတို့ကို ပြန်လည် တပ်ဆုတ်စေခဲ့သည်။ တာ့ချင်နဲ့ စစ်အင်အားချင်း တူညီသည့် ချူးတိုင်းပြည်ကလွဲရင် ကျန်သည့် တိုင်းပြည်များက တာ့ချင်ကို မနှောင့်ယှက်ဝံ့ကြတော့ချေ။
ပြီးခဲ့သည့်နှစ်နှစ်အတွင်း စစ်ပွဲကြီးနှစ်ကြိမ်သာဖြစ်ပွားခဲ့ပြီး နှစ်ကြိမ်လုံး ဟော်ရဲ့လင်နဲ့ရှန်တာ့က ကာကွယ်ပေးနိုင်ခဲ့သည်။ ယခုနှစ်တွင် နှစ်ဖက်တိုင်းပြည်ချင်း မကြေလည်မှုဖြင့် တိုက်ပွဲ အရှိန်ပိုမြင့်လာရာ ဟော်ရဲ့လင်က ရှန်တာ့နှင့်တိတ်တိတ်လေး မွေးထားသော သားဖြစ်သူကို အယုံကြည်ရဆုံးသူများလက်ထဲ အပ်ကာ မြို့တော် ပို့လိုက်သည်။ မကြာခင် တတိယစစ်ပွဲကြီး ဖြစ်ပွားတော့မည်။
ထိုအချိန်မှာမှ ရှန်တာ့က ရုတ်တရက် အဆိပ်ခတ်ခံရသည်။ သို့သော် ချူးတိုင်းပြည်၏ လက်ချက်ဖြစ်ဟန်တော့မတူ။ ချူးတိုင်းပြည်ကသာ လုပ်ကြံလျှင် ရှန်တာ့ မေ့မျှောနေသည့်အချိန်အတွင်း တင်းအန်းမြို့တစ်ခုလုံး ပြာကျသွားလောက်ပြီ။
ရှန်တာ့အား ကယ်တင်ပေးခဲ့ပြီးသည်နှင့် သတိလစ်သွားသည့် ရှန်လျန်သည် ကိုက်ခဲနေသည့်ခေါင်းကိုကိုင်လျက် နိုးလာသည်။
"အင်း...."
မျက်လုံးဖွင့်သည်နှင့် မရင်းနှီးသည့် ပတ်ဝန်းကျင် ကြောင့် ရှန်လျန် တစ်ခဏခန့် ကြောင်အမ်း နေမိသည်။ သတိပြန်ဝင်လာသောအခါ ခေါင်းကိုက် နေသည်ကို အမှုမထားတော့ပဲ အိပ်ရာမှ ချက်ချင်း ထထိုင်လိုက်သည်။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Ficción históricaCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .