'ရှန်တာ့ မတော်တဆဖြစ်၊ ရှန်ချောင်သေဆုံး'
ထိုညတွင် ဖေးယွမ်ရွှင်းနဲ့ ရှန်လျန်က ဝတ်စုံမဲ ပြောင်းဝတ်လိုက်သည်။ ထို့နောက် အရိပ်တပ်သားနဲ့ သံမဏိတပ်သားတို့ရဲ့ ကာကွယ်မှုနဲ့အတူ ဖေးယွမ်ရွှင်းက ရှန်လျန့်ခါးကိုထွေးဖက်ပြီး ကျန်းမင်းသား၏ စံအိမ်ဆီ တိတ်တဆိတ်သွားခဲ့ကြသည်။မင်္ဂလာပွဲက အောင်အောင်မြင်မြင်ပြီးဆုံးသွားသည်။ စံအိမ်တွင် အစောင့်များစွာရှိမနေ၊ တော်ဝင်မိသားစုဝင်များက မင်္ဂလာဦးညကို သီးသန့်ဖြတ်သန်းချင်သည့် အခြေအနေမျိုး ရှိသောကြောင့်ဖြစ်၏။
"ကျုပ် မမူး~~သေးဘူး"
စံအိမ်တော်၏ ဧည့်ခန်းကျယ်တွင် မူးနေသည့် မင်းသားကျန်းအား ကိုယ်ရံတော်များက တွဲကူပြီး လာပို့ခြင်းဖြစ်သည်။ ဖေးယွမ်ရွှင်းနဲ့ရှန်လျန်က အစောင့်တွေရန်က ရှောင်ရင်း ခေါင်မိုးပေါ် တက်ပုန်းလိုက်ကြသည်။
ကျန်းမင်းသားမှ မူးမူးရူးရူးနဲ့ အဆောင်သစ်၏တံခါးကိုဆွဲဖွင့်ပြီး အစေခံတွေအားလုံးကို အပြင်မောင်းထုတ်သည်။
"ကျုပ်ရဲ့ သတို့သမီးငယ်လေး၊ မစောင့်နိုင်တော့ဘူးမလား၊ မင်းကိုနာကျင်အောင်လုပ်ဖို့ ကျုပ်လာပြီနော်!"
အုတ်ကြွပ်ပြားတစ်ပေါက်ဖွင့်ထားပြီး ဖေးယွမ်ရွှင်းနဲ့ ရှန်လျန်တို့ တူတူ ငုံ့ကြည့်လိုက်ကြသည်။ မင်္ဂလာအခန်းသစ်က အနီရောင်အဆောင်အယောင်များအပြင် နဂါးတံဆိပ်ထွင်းထားသော ဖယောင်းတိုင်နီပါ ထွန်းထားသေး၏။ ဖယောင်းတိုင်အရိပ်က ပျော်ပျော်ရွှင်ရွှင်နဲ့ ကခုန်နေသယောင်။
ကုတင်ထောင့်စွန်းမှာ ထိုင်နေတဲ့ ရှန်ချောင်အနား ကျန်းမင်းသားက တိုးကပ်သွားပြီး မင်္ဂလာတုတ်တံနဲ့ ခေါင်းဆောင်းအနီကို မ တင်ဖယ်ရှားလိုက်သည်။
"အားးးးး"
ရှန်ချောင် ကြောက်လန့်တကြားအော်ဟစ်သည်။ တစ်ကိုယ်လုံး ကုတင်ပေါ်တွန်းချခံလိုက်ရပြီး ပိန်သွယ်သွယ် ခန္ဓာကိုယ်က ထိန်းမရစွာ တုန်ရီနေခဲ့သည်။ သူ့အပြုအမူက အရက်ရှိန်တက်နေတဲ့ မင်းသားကျန်းကို ဒေါသထွက်သွားစေသည် ။ လူကို နာကျင်အောင် လုပ်ရတာကြိုက်တဲ့ သူဖြစ်တာကြောင့် ချက်ချင်းပဲ ရှေ့တိုးပြီး ကောင်မရဲ့ ခေါင်းပေါ်က သရဖူကိုဆွဲကာ ပစ်ထုတ်လိုက်သည်။ ပြီးတာနဲ့ ဆံပင်အုံကနေ ဆောင့်ဆွဲပြီး ကြမ်းပြင်ပေါ် တရွတ်တိုက်ဆွဲချသည်။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historical FictionCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .