' လုပ်ရပ်တိုင်းကို ဖော်ထုတ် လှောင်ပြောင်'
"အင်း ဆက်ပြီး စောင့်ကြည့်ထားလိုက်"ရှန်လျန် လက်ဟန်ပြပြီး လေ့ကျန်းကိုထွက်ခွာခွင့်ပြုလိုက်၏။ ထို့နောက် ထရပ်ကာ လူတိုင်းနှင့်မျက်နှာချင်းဆိုင်လိုက်သည်။
"ကျွန်တော် မင်းသမီးကြီးကို ဘာစကားတွေသွားပြောလဲ သိချင်ရင် သခင်မကိုယ်တိုင်သွားမေးချင်လား၊အခု ကျွန်တော်က မြို့စားကတော်လောင်းလျာဖြစ်နေပြီဆိုတော့ ကျွန်တော်သာ တောင်းဆိုစာပို့လိုက်ရင် မင်းသမီးကြီးနဲ့ တွေ့ဆုံခွင့်ရနိုင်လောက်တယ်၊ သွားမေးမလား? ကျွန်တော့်ကြောင့် လျိုဝမ်ကျင်းက အလုပ်ဖြုတ်ခံရတာလားလို့၊
ပြီးတော့ ရှန်ရှောင်နဲ့ ရှန်ယန်က အရင်နှစ်တည်းက လာဘ်ထိုးတာမဟုတ်လား၊ အဲ့ဒီအချိန်က ကျွန်တော့်မှာ နယ်စွန်ဖျားမှာ ရှိနေတုန်းလေ၊ ဘယ်လိုလုပ် ဒီထိ ဒုက္ခလာပေးနိုင်မှာလဲ? ကြီးကြပ်သူကို လာဘ်ထိုးဖို့ ကျွန်တော်ကတိုက်တွန်းတာလို့ စွပ်စွဲချင်သေးလား? အိုး. ဒါဆိုရင် ... ကျွန်တော့် လုပ်နိုင်စွမ်းက အထင်ကြီးချင်စရာပဲ၊ သူတို့ရဲ့ခန္ဓာကိုယ်ကို မြင်းငါးကောင်ဆွဲပြီး အပြစ်ပေးဖို့ ဧကရာဇ်ကို သွေးထိုးလိုက်သင့်လား?
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Ficción históricaCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .