'မြို့စားက ရှန်လျန်ကို
ကြင်ယာတော်အဖြစ် လက်ထပ်ယူမယ်'"အခု အနောက်မြောက်အရပ်မှာ တိုက်ပွဲက ပြင်းထန်နေတယ်လို့ ကျွန်တော်ကြားမိတယ်၊ သခင်ကြီးဟွိုင်ရန်က အိမ်တော်သခင်နေရာလွှဲပေးဖို့ သူ့သားကိုစောင့်နေတာ, သူ့သားက ရိက္ခာစုဆောင်းတိုးမြှင့်ရေးမှာ တာဝန်ကျနေတာမို့လား၊ ဒါက ကိစ္စ ငယ်မဟုတ်တော့ အရှင်မင်းသားက ကြားဝင် ဖြေရှင်းပေးနိုင်ရင် မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေရလာလိမ့်မယ်"
သခင်ကြီးဟွိုင်ရန်က ပထမ အိမ်ရှေ့စံကိုထောက်ခံတာကြောင့် အိမ်ရှေ့စံ သေလွန်တဲ့အခါ သူလည်းရာထူးကျသွားခဲ့တယ်။ ဒါပေမယ့် လက်ရှိ ဘုရင်ကြောင့် သူ အာဏာ ပြန်ရလာခဲ့ပြီး မြို့တော်မှာပဲ တာဝန်ထမ်းဆောင်နေသည်။
အရင်ဘဝက သူတို့ သားအဖဟာ အနောက်မြောက်စစ်တပ်ရဲ့ ရိက္ခာ အင်အားကို တိုးမြှင့်လာဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။ နောက်ဆုံး မှာ ကီလိုဂရမ် 100,000 အလေးချိန်ရှိတဲ့ ဆန်ကို ရရှိခဲ့တယ် ၊ဒါပေမယ့် ဆန်တင်ပို့တဲ့အခါ ရေစိုစွတ်နေတာကြောင့် ကီလိုဂရမ် 100,000 ဆန်အလေးချိန် အကုန်လုံးမှိုတက်သွားခဲ့ရတယ်။
ဧကရာဇ်က ဒေါသူပုန်ပြီး တစ်ချို့လူတွေဆို သူတို့ကိုယ်ပေါ် ရေဆိုးရေညစ်တွေနဲ့လောင်းချခဲ့ကြတယ်။ စစ်သားတွေကလည်း သူတို့ကို ရန်သူတွေနဲ့ပေါင်းကြံတယ်၊ ဧကရာဇ်အပေါ် သစ္စာဖောက်တယ် စတဲ့ အကြောင်းအရာပေါင်းစုံနဲ့ အပြစ်တင်ခဲ့ကြတယ်။
အားလုံးဝိုင်းပြောကြတဲ့ စကားလုံးတိုင်းက ကျင်းမိသားစုကို ရင်နာစေပေမယ့် ပြန်မငြင်းခုံတာ ကြောင့် ဧကရာဇ်က စိတ်ရှုပ်ထွေးသွားပြီး တစ်ညထဲနဲ့ ကျင်းမျိုးရိုးစဥ်ဆက်ကို သတ်လိုက်တယ်။ လူပေါင်းထောင်ချီ ဟာ တစ်ညအတွင်းအစုအပြုံလိုက် သေဆုံးသွားခဲ့တယ်။
စစက အဖြစ်မှန်ကိုရှန်လျန် မသိပေမယ့် နှစ်တွေ ကြာသွားမှ ကျင်းမိသားစုကိုလုပ်ကြံတဲ့ ဒီကိစ္စကိုဦးဆောင်ခဲ့သူများမှာ ဧကရာဇ်နဲ့ မင်းသမီးဖြစ်မှန်းသိလိုက်ရတယ်၊ ဧကရာဇ် ချင်ယွင်ရှန်းကို ထိုအချိန်က သူမေးခွန်းထုတ်ခဲ့ပေမယ့် ပြန်ရလိုက်တာက ချင်ယွင်ရှန်းရဲ့ မတူညီတဲ့ တစ်ဖက်ခြမ်းပါပဲ။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
أدب تاريخيCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .