ch194 'လျိုရှုဟန်ရဲ့ အဆုံးသတ်'

2.9K 420 55
                                    

'လျိုရှုဟန်၏ အဆုံးသတ်'

‼️သတိ# သွေးထွက်သံယ်ို အခန်းပါသည်၊ သို့သော် လုံးဝ လုံးဝ ကျော်မဖတ်ရ၊ ‼️

"မဟုတ်ဘူး သူကမှ လိမ်တာ၊ အကုန်လုံး သခင်မကြီးလုပ်တာပဲ၊ ကျွန်မက အတင်းခိုင်းခံရလို့ မတတ်သာပဲလုပ်ခဲ့ရတာ"

လျိုရှုဟန်သေမှာကြောက်ပြီး ဖင်ပိတ်ငြင်းသည်။ လုံးဝ ဝန်မခံပါ၊အခုနေ ရာထူးဂုဏ်ဒြပ်လည်း ဘာမှ မရှိတော့ရာ ဝန်ခံလိုက်လျှင် ရှန်လျန် ဓားနဲ့ခုတ်တာ ခံရမည်မလို့ သူ့တွင် ခံနိုင်ရည် မရှိလောက်။

ဘုန်း!

‌ဗိုလ်ချုပ်ဝေက သည်းမခံနိုင်တော့ပဲ ဘေးနားက စားပွဲကို အားပြင်းပြင်းရိုက်ချလိုက်ရာ စားပွဲက အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့၏။

"ကိုယ့်ကိုကိုယ် အထင်ကြီးနေတုန်း၊ ငါတို့ ဝေမိသားစုကို မင်းမျက်လုံးထဲ မထည့်တာလား ပြောစမ်း!"

ဝေသခင်မလည်း ခေါင်းငြိမ့်လျက် ထောက်ခံသည်။ သူတို့ မိသားစုက တော်ရုံက်စ္စ ဘေးထွက်ပြီး ဝင်မပါပေမယ့် သူတို့ရဲ့အချိန်တွေက အဖိုးတန်သည်။ တုံးလင်အိမ်‌ေတာ်က နှစ်အကြာကြီး လှည့်စားပြီး ဝေမိသားစုကို ဂရုမစိုက်တဲ့က်စ္စက တရားလွန်သွားပြီ!

"ဗ်ုလ်ချုပ် ဝေ... ဒီအစေခံက သခင်မကြီးရဲ့လူဆို တော့ သူပြောတာလည်း အကြွင်းမဲ့ယုံကြည်လို့မဖြစ်ပါဘူး"

အကြံပေးအမတ်က လျိုရှုဟန်ကိုကယ်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေဆဲ၊ ဗိုလ်ချုပ်သာ လွှတ် ပေးနိုင်မယ်ဆိုရင် ကျေးဇူးမှတ်ထားမည်ဖြစ်သည်။

"မဟုတ်ဘူး ၊ကျွန်မပြောတာ အမှန်တွေ"

"ဟမ့်!အစေခံ ပြောတဲ့စကားက မမှန်ဘူးဆိုရင် မင်းရဲ့သမီး ပြောတာမှ အမှန်လား?"

အကြံပေးအမတ်က ကူကယ်ရာမဲ့လျက် တလေးတစားဦးညွှတ်လ်ုက်ပြီးဆ်ုသည်။

"ဗ်ိုလ်ချုပ်အထင်လွှဲနေပါပြီ၊ ကျုပ်က ရှုဟန်ကို မျက်နှာသာပေးတာ မဟုတ်ပါဘူး၊ဒီကိစ္စက အရေးကြီးပါတယ်၊ အမှန်တရား ပေါ်လာဖို့သာ အဓိကမဟုတ်လား"

အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)Where stories live. Discover now