'ဖုယွင်ရှီးရဲ့ လျှို့ဝှက်တာဝန်'
ဖုယွင်ရှီးသာမက ဖုရင်နဲ့ ချီညီအစ်ကိုတို့ပါ စိတ်လှုပ်ရှားနေကြသည်။ ရှန်လျန်က စကားဆက်မပြောပဲ ရပ်တန့်လိုက်သဖြင့် ဖုရင်ရဲ့အခြေအနေက မကောင်းတာများလား?"ဘာမှ မဖြစ်တော့ဘူး၊ တစ်လလောက်ပဲ နေ့တိုင်း ဆေးသောက်မပျက်စေနဲ့၊ မသောက်မိရင် ရှေ့မှာ ကြိုးစားထားသမျှသဲထဲရေသွန်ဖြစ်ကုန်မယ်၊ နောက်တစ်ချက်က အားလုံးသိတဲ့အတိုင်း ကျွန်တော့အခြေအနေက တုံးလင်အိမ်တော်က ကြာကြာတစ်ခါထွက်ရင် အဆင်ပြေပေမယ့် ၊နေ့တိုင်းအိမ်ကထွက်နေရင်ကျတော့ မြို့တော်တစ်ခုလုံး သိချင်စိတ်တွေ ဖြစ်လာလိမ့်မယ်၊ နောက်ယောင်ခံ လိုက်လာပြီး ကျွန်တော်တို့ရဲ့ ပတ်သက်မှု ကို ဖော်ထုတ်ကြလိမ့်မယ်၊ နေ့တိုင်းဒီမှာရှိနေဖို့က ကျွန်တော့အတွက် အဆင်မပြေဘူးဗျာ"
ဖုယွင်ရှီးကိုကြည့်ကာ ရှန်လျန် အကူအညီမဲ့နေသည်။ သူတို့အခြေအနေက အတော်လေး ကသိကအောက်နိုင်လေသည်။ ရှန်လျန်က ကောတစ်ယောက်ဖြစ်ပြီး ဒီကိုနေ့တိုင်း ပြေးလာနေပါက သူ့ဂုဏ်သတင်းကဆိုးရွားသွားလိမ့်မည်။ ပြန်လည်မွေးဖွားလာပြီးနောက် ကိုယ့်ကိုယ် ဘာဖြစ်ဖြစ် ဂရုမစိုက်ပါ၊သို့ပေမယ့် သူ့အစ်ကိုနဲ့ ဝေမိသားစုရဲ့ဂုဏ်သတင်း ကရှိသေးသည်။သူသည် မိသားစုအတွက်ဆိုလျှင် ရဲရင့်ပြီး တစ်ကိုယ်ကောင်းလည်း ဆန်သည်။
"..........."
ဒီကိစ္စက အတော်လေး ကြီးတဲ့ပြဿနာပင်။ အခန်းထဲမှ လူတိုင်း တိတ်ဆိတ်နေကြချိန် ဖုရင် မှ ထပြောသည်။
"ဦးလေး ကြားမိတာ ရှေ့တစ်လောတုန်းက သခင်လေးရှန် အပြင်ထွက်တုန်း အိမ်ဝန်းဖျက်စီးခံလိုက်ရတယ်ဆို"
ကျောက်လန်နဲ့ လုယန်တို့ ပူးပေါင်းပြီး လျိုရှုဟန်မှာ မူလဇနီးကြီး၏သား ကို မနာလိုကာ သည်းခံနိုင်စွမ်းမရှိသည့်အကြောင်းအား မြို့တော်တစ်ခွင်သတင်း ပျံ့နှံ့စေသည်။
"ဪ ကျွန်တော့မိထွေးရဲ့ သမီးကိစ္စက အားလုံးပြီးသွားပါပြီ"
ရှန်လျန် မငြင်းပေမယ့် ချီညီအစ်ကိုလောက်တော့ ယုံကြည်မှုမထားသေးပေ။ ကိုယ့်ဘက်လူ ဖြစ်နေသည်ကြောင့် တစ်ဝက်တော့ယုံကြည်သည်။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Ficción históricaCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .