'စစ်မှန်သော တရားဝင်ဇနီး'
"ရှန်သခင်လေး တချို့စကားတွေက သက်သေ ရှိမှ ပြောရတယ်ဗျ၊ ကျုပ်ညီမ ရှုဟန်က လက်ရှိတုံးလင်အိမ်တော်ရဲ့ သခင်မကြီးဖြစ်နေသေးတယ်နော်၊ မမှီမကမ်းနဲ့ တုံးခုရင် ဘာဖြစ်တတ်လဲ သိလား"လျိုဝမ်ကျင်းက တန်ပြန် တိုက်စစ်ဖွင့်လိုက်သည်။ သို့သော်....
"ဟားဟားဟား"
ရှန်တာ့က ကျယ်လောင်စွာ အော်ရယ်သည်။ ရှန်လျန်လည်း နှာမှုတ်လျက်...
"သခင်မကြီးဆိုပဲ?လျိုဝမ်ကျင်း ခင်ဗျားရဲ့ ခွေး မျက်လုံးကိုဖွင့်ပြီး သေချာကြည့်စမ်းပါ၊ ဒီနေရာမှာ ဘယ်သူကသာ တရားဝင်ဇနီးလည်း ဆိုတာ!"
လျိုဝမ်ကျင်းက အစွမ်းအစလည်း မရှိပဲ လျိုရှုဟန်ကို ကာကွယ်ချင်နေသေးတယ် ..အိပ်မက်ထဲမှာပဲရမယ်!
ဒီလူ့လောက် မျက်နှာပြောင်တဲ့သူကို တစ်ခါမှ ..မတွေ့ဖူးပေါင်၊ ဝေကျစ်ချန် တစ်ယောက်လုံးထိုင် နေတာကို လျိုရှုဟန်က တရားဝင် ဇနီးပါလို့ ပြောရဲ သေးတယ်၊ လျိုဝမ်ကျင်းကိုတောင် သူတို့က သတိပေးနေရမယ်ဆိုရင် တခြားလျိုမိသားစုဝင် တွေဆို တွေးတတ်မှာကိုမဟုတ်။
"ရှန်လျန် စကားပြောမရိုင်းနဲ့ ၊ ချမှတ်ထားတဲ့ ဥပဒေကို မင်းဆန့်ကျင်လို့မရဘူး"
ခွေးမျက်လုံးတဲ့! လူအများရှေ့ သူ့ကို ခွေးနဲ့ နှိုင်းရဲတယ်!
လျိုဝမ်ကျင်းရဲ့ အကြည့်ထဲ ကြမ်းကြုတ်မှုတွေ ဖြတ်ကနဲ ပြေးသွားကာ ထိုဒတင်္ဂ အရှင်လတ်လတ် လူသတ်ချင်စိတ်ဖြစ်သွား၏။
"ဘယ်စည်းကမ်းကို ချိုးဖောက်မိလို့လဲ လျိုဝမ်ကျင်း? တရားခုံရုံးက လူတွေခေါ်လာခဲ့လေ... ကျုပ်မြို့စားမင်းကြည့်ရအောင်... ဘယ်သူက ကတော်လောင်း ကို ထိရဲလဲလို့!"
တိတ်ဆိတ်နေခဲ့တဲ့ ဖေးယွမ်ရွှင်းက ရှန်လျန့်ကိုထိလာတဲ့အခါမှာတော့ ပြင်းပြင်းထန်ထန် ကာကွယ်သည်။
"ကျုပ် မလုပ်ရဲပါဘူး"
ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ကျိန်ဆဲကာ ပြဿနာနှစ်ထပ်ကွမ်း ရှာမိသည့်အတွက် လျိုဝမ်ကျင်း မျက်နှာ ပျက်နေသည်။ ဦးညွှတ်ပြီး တောင်းပန်လိုက်ရသည်။ ဖေးယွမ်ရွှင်းက သူသွားရှုပ်လို့ရသည့် လူမှ မဟုတ်ပဲ၊ ရှန်လျန့် ပါးစပ်က အဆိပ်ပြင်းနေရင်တောင် မြို့စားမင်းရှေ့ ဘာမှ သွားလုပ်လို့ရမှာ မဟုတ်ဘူး။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Ficção HistóricaCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .