ch-22'ကော.. ကျွန်တော် ကိုယ်ခံပညာ သင်ချင်တယ်'

4.3K 580 4
                                    

'ကော.. ကျွန်တော် ကိုယ်ခံပညာ သင်ချင်တယ်'

"ပဉ္စမ သခင်လေးမှာထားတဲ့ဝတ်ရုံတွေပါ၊ စမ်းဝတ်ကြည့်ချင်လား?"

အခြေအနေတွေကရှက်ဖွယ်ကောင်းနေတာမို့ ဝင်ထိန်းတဲ့ အနေနဲ့ အဝတ်တွေ ခပ်သွက်သွက်ယူပြီး လာပြတယ်။ပြုံးပြလိုက်ရင်း သူ့ကိုယ်သူလဲ သတိပေးလိုက်တယ်။

' တုံးလင်အိမ်တော်နဲ့ ရန်စလို့မဖြစ်ဖူး၊ ဒါ စီးပွားရေးလုပ်နေတာ၊ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ ငွေရဖို့ကိုပဲ အာရုံစိုက်ရမယ်။ ကိုယ့်ဆိုင်ကို ပြဿနာကြားထဲ ဆွဲသွင်းဖို့ဘယ်သူက ဆန္ဒရှိပါ့မလဲ'

"ကောင်းပါပြီ"

ပန်းတိုင် အောင်မြင်သွားပြီ!

ရှန်လျန် ကရှန်ချောင်နဲ့ သိပ်ရင်းနှီးဟန်မပြပဲ ခပ်တန်းတန်းပဲပြောသည်။

"ညီမရှစ် ... အဲ့တာဆို ကော အဝတ်သွားစမ်းဝတ်ကြည့်လိုက်ဦးမယ်"

သူမ လက်ကိုင်ပဝါကို ကျစ်နေအောင် ဆုပ်ကိုင်ထားရင်း ခေါင်းငြိမ့်လိုက်တယ်။

"ဟုတ် ကော..."

ချီညီအစ်ကိုနဲ့ရှန်လျန်တို့ ဟာ ဆိုင်ရှင်နဲ့တူတူ အဝတ်လဲခန်းထဲ လိုက်သွားကြတယ်။ဖေးယွီက ချုပ်ပေးတဲ့ ဝတ်စုံက အပြစ်ဆိုရန်မရှိတာမို့ ရှန်လျန် မဝတ်ကြည့်တော့ပဲ ချီညီအစ်ကို နှစ်ယောက်ကိုသာ စမ်းဝတ်ခိုင်းလိုက်တယ်။နောက်ထပ် အဝတ်များစွာကိုမှာယူပြီး ခေါင်းဆောင်းကဲ့သို့သော အဆင်တန်ဆာ များကိုလည်း ယူလိုက်သည်။

"သခင်လေး..ဒီအဝတ်တွေချုပ်ပြီးဖို့ အချိန်တစ်ခုတော့ပေးရမယ်နော်၊ ချုပ်ပြီးသွားရင်တော့ တုံးလင် အိမ်တော်ကိုပို့ပေးပါ့မယ်"

သုံးရက်အတွင်း နှစ်ထည်ချုပ်ပြီးခဲ့ပေမယ့် အဝတ်စ အကုန်လုံးချုပ်ပြီးဖို့တော့ စောင့်ရချေမည်။ ကျသင့်ငွေယူပြီးဆိုင်ရှင်မှ အပြုံးလေးဖြင့်ရှင်းပြရာ ရှန်လျန် ခေါင်းငြိမ့်သည်။

"ကောင်းပါပြီ ဒါဆို ကျွန်တော့ခြံဝန်းဆီတိုက်ရိုက်ပို့ပေးနော်၊ တုံးလင်အိမ်တော်က တစ်ခြားသူတွေနား လမ်းကြုံမပေးလိုက်ပါနဲ့"

အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)Where stories live. Discover now