ch-85 ဒေါသထွက်နေတဲ့ လျိုရှုဟန်

3.6K 529 9
                                    

'ဒေါသထွက်နေတဲ့ လျိုရှုဟန်'

တုံးလင်အိမ်တော်မှ အမြောင်မယားသည် မုရုန်အိမ်ရှေ့မှာ မိုးရေထဲ ဒူးထောက်နေခဲ့ပြီး ပိတ်စရောင်းပါရန် တောင်းပန်နေခဲ့သည်။ ထို့နောက် မုရုန်သခင်မက သူ့ရဲ့ကြိုးစားမှုကိုအသိအမှတ်ပြုပြီး ဒုတိယသခင်မရဲ့မောက်မာတဲ့အပြုအမူကို အစားပြင်ဆင်ခွင့်ပေးခဲ့သည်။

စွင်းကျင့်ရဲ့ သတင်းက တုန်းလင်အိမ်တော်ဆီ ပျံ့နှံ့သွားပြီး သခင်ကြီးကလည်း မိုးရေကြောင့် အဖျားမိသွားသည့် ထိုမိန်းမကို နောက်တစ်နေ့မနက် ညီလာခံသွားခါနီးချိန်ထိ တစ်ညလုံးဂရုစိုက်ပေးနေခဲ့သည်။

"ကောင်မ! သခင်ကြီးနဲ့ ငါ့နေရာကို လုချင်လို့ ဒီလိုလုပ်နေတာ...အောက်က ကောင်မတွေအကုန်လုံးပဲ"

ဒုန်း!ခွမ်း!

ထိုသတင်းက လျိုရှုဟန်နားထဲရောက်သွားသည်နဲ့ ပစ္စည်းတွေပစ်ထုတ်ကာ စတင်ပေါက်ကွဲတော့သည်။ ရှေ့နှစ်‌တွေတုန်းက သူမရဲ့ သိတတ်မှုကိုပြသည့်အနေဖြင့် မယားငယ်တစ်ချို့ကိုခေါ်ဝင်ပေးခဲ့ပြီး သူမ၏အမိန့်အောက် ပြားပြားဝပ်နာခံစေခဲ့သည်။

ဒီနှစ်အတောအတွင်းမှာ သခင်ကြီးရဲ့မျက်နှာသာပေးမှုနဲ့ပတ်သက်ပြီး တစ်ခါမှ ယှဉ်ပြိုင်စရာမလိုခဲ့ပေ။ စွင်းကျင့်ကလည်း ထင်ထင်ပေါ်ပေါ်မနေပဲ ...အိမ်ထဲက ဘုရားခန်းထဲမှာပဲ တစ်နေကုန် သိုသိုဝှက်ဝှက်နေခဲ့တာကြောင့် လျိုရှုဟန်ရဲ့နေရာကို ခြိမ်းခြောက်လာလိမ့်မယ်လို့ နည်းနည်းလေးမှ မထင်ခဲ့မိချေ။ တစ်ခြားသူက လျိုရှုဟန်ကို ဆန့်ကျင်လာမယ်ဆိုရင်တောင် ဒီလောက်အံ့ဩမိမှာမဟုတ်! အခုက မထင်ထားတဲ့သူ ဖြစ်နေတာကြောင့် ပိုပြီးမခံချင်စရာကောင်း၏။

"သခင်မ... ဘာလို့ကြမ်းပြင်မှာ ထိုင်နေရတာလဲရှင်... အမြန်ထပါ"

ပစ္စည်းတွေ ပြုတ်ကျသည့်အသံကြောင့် အစေခံဟွိုင်ကျူးက တံခါးဖွင့်ပြီးပြေးဝင်လာသည်။ လျိုရှုဟန်က  အပိုင်းအစ အကွဲအပြဲကြားမှာ ထိုင်ချလျက်ရှိသည်ကို လှမ်းမြင်လိုက်ရာ အစေခံ ရန်ကျီနဲ့အတူ လျိုရှုဟန်ကို အမြန်ထူပေးကာ ထိုင်ခုံမှာ ထိုင်စေသည်။ ထို့နောက် ဝါရင့်အစေခံနှစ်ဦး၏ အရည်အချင်းကြောင့်မိနစ်အနည်းငယ် အတွင်း အမှိုက်သရိုက်တွေ အပြောင်ရှင်းသွား၏။

အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)Where stories live. Discover now