ရှန်လျန်ရဲ့ အပြစ်ပေးမှု
"ကျောက်လန် မင်းကိုနောက်ဆုံးအကြိမ် သတိပေးလိုက်မယ်၊ ဒါက တုံးလင်အိမ်တော်!!အိမ်တော်ရဲ့သခင်က ကျုပ်ပဲ!"စိတ်တည်ငြိမ်လာတဲ့ရှန်ရွေ့ထင်က စိတ်ပျက်ခြင်းအတိ ခံစားနေရသည်။ ရှန်လျန့်ကို ဆေးခတ်ဖို့ကြံစည်တာတောင် သူ့ကိုဆွဲထည့်လိုက်သေး၏။ ဒီကိစ္စကို ဒီတိုင်းမပြီးလိုက်နိုင်၊ ကျိန်းသေ ထုတ်ဖော်ရမည်။
"ခဲအို..."
တစ်ခါမှ ခုလို မာန်မဲခံရဖူးတာမရှိတော့ အံ့အားတသင့်နဲ့ ရှန်ရွေ့ထင်ကိုကြည့်လိုက်ရာ မျက်လုံးထဲမှာ သူ့ကို စက်ဆုပ်နေဟန်မြင်လိုက်ရသည်။ သန္ဓေမတည်ဆေးအကြောင်း နဲ့ ကောက်ကျစ်တဲ့လှည့်ကွက် တစ်ခုမကျန် စိတ်ရဲ့အနက်ရှိုင်းဆုံးထိ စွဲမြဲမှတ်ထားဟန်ရှိ၏။
သူ့ကို လစ်လျူရှုလိုက်ပြီး ရှန်ရွေ့ထင် ခေါင်းမတ်မတ်ထားကာ သေချာ အာရုံစိုက်လိုက်သည်။
"မင်းသိသမျှ အကုန်ပြောပြ၊ ဘာမှ ချန်မထားနဲ့"
ဒုတိယမိသားစု၊ တတိယမိသားစုအပါအဝင် သခင်မကြီးပါ သူနဲ့သွေးသားမတော်စပ်ပါ။ မွေးစားပေးခဲ့တဲ့ ဖခင် ကျေးဇူးကို သိတတ်ပြီး မဆုံးပါးခင် ဆန္ဒတောင်းဆိုချက်အရ နှစ်ပေါင်းများစွာကြာသည်အထိ မွေးစားအဖေ မိသားစုအား ထောက်ပံ့ပေးခဲ့သည်။ လျိုရှုဟန်နဲ့ အတင်းလက်ထပ်ဖို့ တွန်းအားပေးခဲ့တာတောင် မွေးစားမေမေအား အမေရင်းတစ်ယောက်လို မှတ်ယူကာ နာခံခဲ့သေးသည်။
သိတတ်နာခံမှုတွေအားလုံး သဲထဲရေသွန် အရာမထင်သာဖြစ်ခဲ့ရသည်။ ကံဆိုးစေတဲ့မက္ခတ်နဲ့မွေးဖွားလာတယ်ဆိုပြီး ရှန်လျန့်အပေါ်စွပ်စွဲချက်အား လူနှစ်ဦးမှ ဖန်တီးခဲ့သည်ဟု သံသယရှိသော်လည်း အခြားမိသားစုဝင်တွေကပါ ရှန်လျန့်အပေါ် ယုတ်မာစွာ ဆေးခတ်မယ်လို့ မထင်ထားမိခဲ့၊ လျန်အာသာ ကလေး မမွေးပေးနိုင်ရင် သူဘယ်လိုလုပ်တော့မလဲ? 'ကော'အေနနဲ့ သူ့တစ်ဘဝလုံး ဘယ်လိုနေထိုင်သွားရပါ့မလဲ?
"ဟုတ်ကဲ့ ဦးလေး"
ရှန်ဟွေးက လက်သီးတင်းတင်းဆုပ်ပြီး ကျောက်လန်တို့ကို တစ်ချက် ချောင်းကြည့်လိုက်သေး၏။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historical FictionCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .