'ဝမ်ရယ်ဒေါသထွက်ပြီ'
"သူတို့ဒီလိုလုပ်မယ်မှန်း အစကတည်းက ရိပ်မိထားတာလား"
ဖေးယွမ်ရွှင်း မျက်မှောင်ကြုံ့နေသည်။ ဘာကြောင့်ရယ်မသိ ရှန်လျန်က အရေးကြီးသည့် အချက်ကို ဖုံးကွယ်ထားသလ်ု ခံစားရသည်။
"ကြိုတင်ကာကွယ်ထားရုံတင်ပါ၊ သူတို့က ကျွန်တော့်ကို ဆေးတိုက်ပြီး ကိုယ်ဝန်မဆောင်နိုင်အောင် လုပ်တာလေ၊ အရင် ရန်လာစတာ၊
ခုလည်း ဆေးနဲ့ ထပ်လုပ်ပြီး ကျွန်တော့်ဘဝကို ဖျက်ဆီးခိုင်းတယ်၊ သူတို့လမ်းကြောင်းအတိုင်း လျှောက်မိသွားရင် ပထမဆုံး ကျွန်တော့်ခန္ဓာက်ုယ်က စုတ်ပြတ်သွားမယ်၊ ဒုတိယ ..အဖတ်ဆယ်မရအောင် နာမည်ပျက်သွားမယ်၊ ကျွန်တော်က 'ကော'တစ်ယောက်ဖြစ်ပြီး ကလေးမမွေးနိုင်ဘူးဆိုရင် ဘဝဆုံးပြီလေ"သေချာတာပေါ့ သူ့မှာ အသိလေးနည်းနည်းရှိတာကြောင့် အရင်ဘဝက ကြုံဖူးခဲ့တယ်ဆိုတာ ဘယ်ထုတ်ပြောမလဲ?
"ဘာ! သူတို့ မင်းကို သန္ဓေတားဆေးတိုက်တာလား? ဘယ်အချိန်တုန်းကလဲ?"
ရှန်လျန်က အကြောင်းအရာကို ကြိုသိတဲ့အကြောင်းမပေါ်စေဖို့ပဲ ဂရုစိုက်မိပြီး သန္ဓေတားဆေးတိုက်ခံရတာကို ဖေးယွမ်ရွှင်း မသိဘူးဆိုတာ မေ့သွားသည်။
ဖေးယွမ်ရွှင်းရဲ့ ဒေါက ကချက်ချင်း မုန်တိုင်းထန်လာပြီး.. ထျန်းရှု ၊ယောင်းကွမ်နဲ့ လေ့ကျန်းဘက်ကို ခက်ခက်ထန်ထန် လှည့်ကြည့်သည်။ ရှန်လျန် မသိလိုက်ဘာသာနဲ့ အနည်းငယ် တုန်သွားသည်။ အမှုမဲ့ အမှတ်မဲ့ ပြောလိုက်တဲ့ ပါးစပ်ကြောင့် ကိုယ့်ကိုကိုယ် ဆူပူလိုက်သည်။
"အဟမ်း.. အဲ့တာကလေ သူတို့ မအောင်မြင်သွားပါဘူး၊ ဟယ်ရှန်းခြံဝန်းက ပြန်ထွက်လာတာနဲ့ အပ်စိုက်ပြီး ဆေးမပျံ့သွားအောင် တားလိုက်နိုင်တယ်၊ ကျွန်တော့်အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း အကုန်အန်ထုတ်လိုက်ပြီး ဆေးသောက်လိုက်တာ၊ ဘာမှ မဖြစ်တော့ဘူး"
ဖြစ်ပျက်ခဲ့တာကို ပြန်ပြောင်းပြောပြရင်း အင်္ကျီအနားစကို ဆွဲစုပ်နေမိသည်မှာ မတရားခံရသူလ်ိုလို၊ ဘာကြောင့်ရယ်မသိ ထိုသူရှေ့မှာဆို သူက အားနည်းသွားသည်ဟု ခံစားရ၏။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historical FictionCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .