'အောင်မြင်သော အိမ်ပြန်လမ်း'
" ယွီး...!"
မှောင်မိုက်သောညတွင် လမ်းမကြီးပေါ် ပြေးလွှားနေသော မြင်းရထားက ဝမ်ယွဲ့ဂိတ် မြို့ရိုးရှေ့တွင် ရပ်တန့်လိုက်သည်။မြို့ဝင်ပေါက်က ပိတ်နေတာကြောင့် ရှန်ရွေ့ထင်က အသက်ဆယ့်သုံးနှစ်ရှိပြီဖြစ်တဲ့ ရှန်ကျီ၏သားဖြစ်သူ ရှန်လင်အား ဂိတ်တံခါးသွားခေါက်ကာ ရာထူးတံဆိပ်တုံးပြစေ
သည်။ ဗ်ိုလ်ကြီးလင်းနဲ့ ဟွိုင်ရန်အိမ်တော်မှ အစောင့်တွေက တံဆိပ်တုံးကို ခွဲခြားသိသွားတာနဲ့ မြို့တံခါးက်ုချက်ချင်း ဖွင့်ပေးကာ မြို့ထဲဝင်ခွင့်ပြုသည်။"ရှန်သခင်ကြီး..ဘယ်လိုအကြောင်းကြောင့် ညနက်မှ ကိုယ်တိုင်ရောက်လာရတာပါလဲ?မဟုတ်မှ အရှင်မင်းမြတ်ဆီကအရေးပေါ် အမိန့် ရောက်လာတာလား?"
ရှန်ရွေ့ထင်က ဝန်မင်းတစ်ပါးဖြစ်တာကြောင့် တာဝန်ဝတ္တရားမရှိပဲ မြို့တော်ကထွက်ခဲရာ အလုပ်ကိစ္စကြောင့် ကိုယ်တိုင်ရောက်လာရသည်ဟု ထင်မှတ်မှားသွားကြသည်။
"ဟွိုင်ရန်လူကြီးမင်း၊ ဗိုလ်ကြီးလင်း"
ရှန်ရွေ့ထင်က နေရခက်စွာနဲ့ နှုတ်ခွန်းဆက်သည်။
"ကျုပ်က အလုပ်ကိစ္စနဲ့ လာတာ မဟုတ်ပါဘူး၊ ဘုန်းတော်ကြီး ဟွေအန်းကိုလာတွေ့တာပါ၊ စီစဉ်ပေးလို့ရမလား မသိဘူး"
တုံးလင်အိမ်တော်၏ အကြောင်းကို မသိသူအတော်ရှားလေသည်။ ရှန်လျန်၏သတင်းက ကျော်ကြားသည့်အပြင် ချင်ဖင်းမြို့စားနှင့် စေ့စပ်ခွင့်ရခဲ့သည်ကိုလည်း သိကြသည်။ သို့ဖြစ်ရာ တုံးလင်လူကြီးမင်းကို ဝိုင်းကာ အာရုံစိုက်မိကြရာ သူ့စကားကိုကြားသည်နှင့်ဘာလုပ်ချင်မှန်းချက်ချင်း ခန့်မှန်းမိလိုက်ကြသည်။
"ရှန်သခင်ကြီး အဆင်ပြေပါ့မလား ၊ကျုပ်တို့ သွားခေါ်ရင် အနည်းဆုံး ရက်နှစ်ဆယ်လောက်ကြာချင်ကြာမှာ၊ သခင်ကြီးခုလို တိတ်တဆိတ်မြို့ပြင်ထွက်လာတာ အရှင်သိရင် မလွယ်လောက်ဘူးနော်"
သူတို့ သုံးဦးလုံးက နန်းတွင်းတစ်ခုထဲက ထိပ်သီးအရာရှိတွေအဖြစ် အမှုထမ်းနေကြပေမယ့် ရင်းရင်းနှီးနှီးတော့ မရှိပါ၊ ထိုသို့ဆိုသော်လည်း ဝမ်ယွဲ့မြို့ဆီ ရုတ်တရက် ရောက်လာသည့်အပေါ် အနည်းနဲ့အများတော့ စိုးရိမ်မိကြသည်။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historical FictionCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .