'ဖြစ်ကြောင်းကုန်စင်'
"ဘာဖြစ်လို့လဲ၊ ကျွန်တော်ပြောတာ မှားလို့လား၊ ထောင်သားတွေက သူ့ကိုသေချာပေါက် သတိရနေကြမှာကို"
လျိုရှုဟန် ဆတ်ဆတ်ထိမခံဖြစ်လေ ရှန်လျန် ပိုပြုံးလေ....သို့ပေမယ့် မျက်ဝန်းတွေက အေးစက်ခြင်းအတိ။
"ရှန်လျန် နင်က သေသွားသင့်တဲ့ကောင်!"
ဖြန်း!
လျိုရှုဟန်ပြောသမျှ ရှန်လျန် နားထောင်နိုင်ပေမယ့် အားပြန်ပြည့်လာတဲ့ ရှန်ရွေ့ထင်အတွက်တော့ အတော်လေး နားခါးလေသည်။ ခြေလှမ်းကျဲကျဲ လျှောက်လာကာ အဆတ်မပြတ် ရိုက်သည်။
လျိုရှုဟန် ချာချာလည်သည်အထိ မူးဝေသွားပြီး ခင်ပွန်း၏လုပ်ရပ်ကို မယုံကြည်နိုင်ဖြစ်မိသည်။
"သ..သခင်ကြီး.. ကျွန်မက အငယ်ဆိုပေမယ့် ရှင့်ရဲ့ဇနီးအဖြစ်နေလာပြီး မယားဝတ္တရား ကျေပွန်ခဲ့တဲ့သူပါ၊ ရှင် ဘယ်လိုလုပ် ဒီလောက်ထိလုပ်ရက်ရတာလဲ၊ ရက်စက်လိုက်တာရှင်"
လျိုရှုဟန်၏နှလုံးသား ဟက်တက်ကွဲလေသည်။ တစ်ရက်နှစ်ရက်လည်း မဟုတ်၊ နှစ်အကြာကြီး တူတူနေပေးခဲ့တာတောင် သူ့ကိုမချစ်ခဲ့ဖူးတဲ့လား၊ဘာလို့ သူကောင်းပေးသမျှ မမြင်ရတာလဲ? ဝေကျစ်ချန်က ဝေမိသားစုမှာမွေးလာရုံပဲရှိတာ၊ ဘာများ သူ့ထက်သာလွန်နေလို့လဲ"
"ဇနီး နေရာ?"
ရှန်ရွေ့ထင် ရယ်ချင်သည်။
"ဒီမှာ လျိုရှုဟန်၊ ငါပြောလ်ုက်မယ်...မင်းက အေပျာ်အဆင့်ပဲဖြစ်ခဲ့တာ၊ ဒါ ငါဒေါသထွက်ပြီး ပြောတဲ့ စကား မဟုတ်ဘူး၊ တာ့အာကို စောင့်ရှောက်သင့်တဲ့ အရွယ်တုန်းက မင်းဘာလုပ်လဲ?အမေနဲ့ ဖိအား ပေးပြီး သားတစ်ယောက်၊ သမီးတစ်ယောက် မွေးဖို့ပဲ အားစိုက်နေတာလေ၊ ငါ ပေါ့လျော့သွားတာ ဝန်ခံတယ်၊ အဲ့တာကြောင့်လည်း တစ်ဘဝလုံး ကျစ်ချန်၊ ရှန်တာ့နဲ့ ရှန်လျန့်အတွက် စိတ်မကောင်း ဖြစ်နေခဲ့ရတယ်၊ ဒါကြောင့် ကျစ်ချန်က်ိုပေးခဲ့ဖူးတဲ့ ကတိကို ရအောင်တည်ခဲ့တာ၊ နောက်ဇနီးထပ်မထားပါဘူးဆိုတဲ့ က်စ္စ၊ ကျစ်ချန်ကသာ တရားဝင်ဇနီး၊ တစ်ယောက်တည်းသောသူပဲ၊ မင်းက အစကတည်းက ဘာမှမဟုတ်ခဲ့ဘူး၊ .ရှန်ရှောင်နဲ့ ရှန်ချန်က ငါ့သွေးသားဆိုရင်တောင် မင်းရဲ့နာမည်ကို အိမ်ထောင်စုစာရင်းထဲ မထည့်ထားဘူးဆိုတာ..တစ်လောကလုံးကို ငါပြောပြရဲတယ်..."
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Ficción históricaCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .