ch112 'အင်း သူမုန်းသင့်ပါတယ်'

2.6K 379 19
                                    

'အင်း.. သူမုန်းသင့်ပါတယ်'

"ခင်ဗျား ဆက်မပြောနဲ့!"

"ယောင်းကွမ်!"

ရှန်လျန့်နောက်မှာ တစ်ချိန်လုံးရပ်ကြည့်နေတဲ့ ယောင်းကွမ်က ရှန်ရွေ့ထင်ရဲ့ ကျိုးကြောင်းမဆီလျော်မှုကို သည်းမခံနိုင်တော့ပါ။ သူတို့သခင်တောင် ဝမ်ဖေးကို စိတ်အနှောင့်ယှက်ဖြစ်စေတဲ့ စကားတစ်ခွန်းတောင် မပြောရဲဘူး၊ ဒီလူတွေက ဘာအရည်အချင်း ရှိနေလို့လဲ၊ သို့ပေမယ့် တစ်ဖက်လူတွေကို သင်ခန်းစာကောင်းကောင်း မပေးရသေးခင် ရှန်လျန်က သူ့ကိုဆူ၏။


"လျန်လျန်ကလဲ!"

ယောင်းကွမ်က  မကျေမနပ် ငြီးငြူသည်။

ရှန်လျန်က သူ့အားနှစ်သိမ့်အပြုံး ပြုံးပြလာသည်။ အစက ယောင်းကွမ်က်ို ချီယွဲ့နဲ့ ထိန်းခိုင်းမလို့ လှည့်ကြည့်လိုက်ပေမယ့် ချီယွဲ့ရဲ့ ဒေါသက ယောင်းကွမ်ထက် နည်းနည်းမှ မလျော့တာကို မြင်လိုက်ရလေ၏။ ရှန်လျန် ကူကယ်ရာမဲ့သွား၏။

"ကျွန်တော်တောင် အကျင့်ဖြစ်နေပြီ၊ ဘာတွေ ဒေါသထွက်နေတာလဲ၊ ဒါပေမယ့်...."

ရှန်လျန်က ပြောလက်စ စကားကို ရပ်လိုက်ပြီး ရှန်ရွေ့ထင်အား မေခွန်းထုတ်၏။


"

အမတ်ကြီးက အပြောကောင်းတယ်၊ ကျွန်တော် သိချင်တာတစ်ခုက ဖေဖေက ကျန်းမာရေးကောင်းရဲ့နဲ့ ဘာလို့ ရုတ်တရက်ကြီး သွေးထွက်လွန်ပြီး သေဆုံးခဲ့ရတာလဲ၊ ကျွန်တော်က နက္ခတ်မကောင်းလို့ဖြစ်တာဆိုတဲ့ ကျိုးကြောင်းမဆီလျော်တဲ့ စကားမျိုး အယုံကြည်မရှိဘူး၊နောက်ကွယ်မှာ တစ်ခုခုလွှဲမှားနေတယ်ဆိုတာတော့ သိတယ်၊ ဘာတွေ ဖြစ်ခဲ့တာဆိုတာ အခုက စုံစမ်းဖို့ အကောင်းဆုံးအချိန်ပဲ၊ သခင်မကြီး၊ အမတ်ကြီးနဲ့ သခင်မ.. ကျွန်တော် ဘာမှ ရှာမတွေ့ပါစေနဲ့လို့ ဆုတောင်းနေပါ၊ မဟုတ်လို့ရှိရင် ကျွန်တော်က တုံးလင် တစ်အိမ်တော်လုံးကို တစ်ခြားကမ္ဘာရောက်အောင် ပို့ပစ်ဖို့ဝန်မလေးဘူးနော်!... ပြန်ကြစို့"

လူသုံးဦးကို နာမည် တပ်ခေါ်ကာ သတိပေးခြိမ်းခြောက်လိုက်သည်။ ပြောပြီးသည်နှင့် တုံ့ဆိုင်းခြင်းမရှိ လှည့်ပြန်ခဲ့လိုက်သည်။ ကျန်နေခဲ့တဲ့ ရှန်မိသားစုမှာ ရှန်လျန်ရဲ့ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိပဲ သွေးဆာနေသည့် လေသံတွင် မှင်သက်လျက် ရုတ်တရက်မတုံ့ပြန်နိုင်ဖြစ်နေကြ၏။

အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)Where stories live. Discover now