ရူးနှမ်းစွာ မတန်မရာ မှန်း
"ယောင်္ကျား...."
လူတိုင်း ထိတ်လန့်ကာ ကြောင်အ နေစဉ် ပထမဆုံး အသိဝင်လာသူကတော့ ကျောက်လန်ဖြစ်သည်။
"သမားတော်... မြန်မြန် သမားတော် သွားခေါ်စမ်း"
သွေးဖုံးလွှမ်းနေတဲ့ လက်ကို အုပ်ကိုင်ပေးရင်း ကျောက်လန် ရဲ့မျက်ရည်က ဆည်ကျိုးသလ်ုကျဆင်းလာသည်။ ရှန်လျန်က တစ်ကယ် ရက်စက်သည်။ ရှန်ရွေ့ချင်ရဲ့ သွေးလွှတ်ကြောတည့်တည့် အပေါက်ဖြစ်သွားအောင် လုပ်ခဲ့သည်။
ခုမှ သတိဝင်လာတဲ့ ရှန်ရွေ့ထင်က ရှန်လျန့်ကို တမျိုးတမည်ကြည့်လိုက်သည်။ ပါးစပ်ဖွင့်ကာ တစ်ခုခုပြောချင်ပေမယ့် တုံ့ဆိုင်းသွားပြီးနောက် မပြောဖြစ်လိုက်တော့ပေ။သို့နှင့် တစ်ခန်းလံုးတိတ်ဆိတ်သွားရပြန်၏။ သမားတော် ရောက်လာသောအခါ ဆေးအိတ်ကိုဖွင့်လျက် ရှန်ရွေ့ချင်အား ချက်ချင်း ကြည့်ရှုပေးသည်။ တစ်ခါမှ ဒဏ်ရာမရဖူးသည့် ရှန်ရွေ့ချင်က နဖူးပေါ်နှင့်နားထင်တစ်ဝိုက်တွင် ချွေးစေးထွက်လျက် ခန္ဓာကိုယ်က မသိမသာ တုန်နေသည်။
"ခဲအို.. ရှန်လျန်က အတော်လေး မနာခံတတ်ဘူးဆိုတာ တွေ့တယ်မလား၊ ခဲအိုကိုဂရုမစိုက်ပဲ ရှေ့မှာတင် သူ့ဦးလေးကို အချွန်နဲ့ထိုးရဲတယ်၊ ခဲအို မျှမျှတတ မဆုံးဖြတ်ပေးနိုင်ရင် ကျွန်မ တရားရုံးမှာ ဗုံတီးပြီး အမှုဖွင့်ပစ်မယ်"
ကျောက်လန်က လင်ကိုစိုးရိမ်တာ တစ်ဖက် သမီးကိုပွေ့ဖက်ထားရတာက တစ်ဖက်နဲ့ အလွန်ဗျာများနေရသည်။ ကောင်စုတ်လေးက အနိုင်ကျင့်လွန်းသည်။ နည်းနည်းမှခွင့်မလွှတ်ပေးနိုင်ပါ။
ရှန်ရွေ့ထင်က မျက်မှောင်ကြုံ့ပြီး အကြပ်ရိုက်နေသည်။ ရှန်လျန်က နှာမှုတ်လိုက်ပြီး....
"ဗုံတီးပြီး အမှုဖွင့်ချင်တာလား... သွားလေ.. ရှန်ချောင် ကျွန်တော့အခန်းထဲ ရောက်နေရတဲ့ ကိစ္စကိုအသာထား၊ မနက်စောစောစီးစီး အဒေါ်တို့အားလုံး တောက်တောက်ပြောင်ပြောင်တွေဝတ်ပြီး ကျွန်တော့်အခန်းရှေ့ရောက်လာတဲ့ ရည်ရွယ်ချက်ပဲ ကျွန်တော်ကသိချင်တာ၊ အိပ်ရာလာနှိုးပေးတာလို့ မဖြေနဲ့နော်၊ ကျွန်တော်က မရိုသေရာကျသွားမှာပေါ့၊ ပြီးတော့ မ်ြု့တော်တောင် ပြန်မရောက်သေးဘူး၊ ကျွန်တော် တစ်ညပျော်ပါးတယ်ဆိုတဲ့ကောလဟာလက ပျံ့နေပြီ၊ အကုန်လုံးက ဆက်စပ်မှုမရှိဘူးလို့ ပြောရင် အရူးပဲ ယုံလိမ့်မယ်၊ အဖွားကလည်း ရုတ်တရက်ကြီး တစ်မိသားစုလုံးကို ဘုရားကျောင်းမှာ ဆုတောင်းဖို့ ခေါ်သွားတယ်တဲ့၊ စဉ်းစားဉာဏ်ရှိသူတိုင်း မူမမှန်တာကို သတိပြုမိမှာပဲ၊ ကောင်းပြီလေ.. တရားရုံး သွားချင်တယ်ဆိုမှတော့ သွားကြတာပေါ့၊ ကျွန်တော် အဆုံးထိပူးပေါင်းပေးမယ်"
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historical FictionCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .