'အရိပ်ကိုယ်ရံတော် တပ်ဖွဲ့ ပြန်လည် ပေါ်ထွက်လာပြီဆိုတော့ သေခြင်းတရားနဲ့ ဝေးကွာသွားပြီ '
ရှန်လျန်စိုးရိမ်တာ အဓိပ္ပာယ်မရှိတာတော့မဟုတ်!
တုံးလင်အိမ်တော်မှစထွက်လာတော့ လူတစ်အုပ်စုသူတို့နောက်လာခဲ့တယ် ။ဒါပေမယ့် ရှန်လျန်တို့ လျိုဖန်အဆောက်အဦးက ပြန်ထွက်လာတော့ ဖေးယွမ်ရွှင်းရဲ့လူတွေပဲရှိတော့တာတွေ့ရတယ်၊ ဖေးယွမ်ရွှင်းလူတွေက လမ်းရှင်းပေးလိုက်ပုံပဲ။
ရှန်လျန်တို့အတွက် က လူပြောင်းသွားတာပဲအဖတ်တင်တယ်၊ နောက်ကလိုက်တဲ့သူ ရှိနေဆဲပဲ၊ သူတို့ မထင်ထားတဲ့အချက်က စားတော်ဆက်မှာ ရှန်လျန်ရဲ့ခြေရာကိုမကောက်နိုင်တော့တာပဲ..... သူတို့သတိထားမိတဲ့အချိန် ရှန်လျန်က Tyson မှထွက်သွားနှင့်ပြီ....။
ဒီနိုင်ငံရဲ့မြို့တော်သည် မြို့တွင်းနှင့်မြို့ပြင်နယ်မြေဆိုပြီး နှစ်ပိုင်းပိုင်းခြားထားကာ မြို့တွင်းက လူပိုစည်ကားပြီး လူကုန်ထံပိုများသည်။ မြို့ပြင်နယ်မြေက သာမာန်လူတန်းစားပိုများသော်လည်း မည်သို့ပင်ဆိုစေ နိုင်ငံရဲ့မြို့တော်ဖြစ်တာမို့ နုံချာမနေပါ၊နယ်မြေနှစ်ခုယှဉ်လိုက်ရင်တော့ မြို့ပြင်က အခြေအနေ အနည်းငယ် ဆိုးရွားသည်။
Tysonစားတော်ဆက်က မြို့တွင်းနဲ့ မြို့ပြင် နယ်မြေနှစ်ခုစပ်ကြားမှာတည်ရှိသည်။ရှန်လျန်က အဆောက်အဦးမှ ထွက်ထွက်လာချင်း လမ်းပေါ်က အခြားသူများနှင့်ရောနှောကာ မြို့ပြင်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။ သူ့ပုံစံက ထင်ပေါ်မနေတာမို့ မြို့တွင်းမှာ နေသူမှန်းမည်သူမှ သတိမထားမိကြချေ။
မြို့ပြင်မှာ နေထိုင်တဲ့သူတွေ အနေနဲ့လည်း အစားအသောက်၊အဝတ်အထည်ပိုင်းပြတ်လပ်နေခြင်းမျိုးမရှိပေ။
"လောင်ဝမ်ရဲ့စီးပွားရေးက မဆိုးဘူးပဲ၊ ဒီနေ့အားလုံးရောင်းကုန်ပြီပေါ့?"
"ဘယ်ကလာ ကုန်ရမှာလဲ၊ ဝက်သားတစ်ခြမ်းကျန်သေးတယ် အပြင်ယူထုတ်မလာရသေးတာ၊ ခများရော ဒီနေ့ ဘာယူမလဲ"
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Ficção HistóricaCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .