ch132. အချင်းချင်း ရန်သတ်

2.3K 396 18
                                    

'အချင်းချင်း ရန်သတ်'

ရှန့်ကောဘုရားကျောင်းဝိုင်းရှိ နားနေဆောင်တစ်ခုတွင် ဖြစ်၏။

"ချောင်အာ ဘာဖြစ်နေတာလဲ? ခုချိန်ထိ အခန်းထဲပဲနေနေတာ"

တောင်ခြေမှာ ရှန်လျန်တို့ကြောင့် ဒေါသထွက်ခဲ့ရတဲ့သခင်မကြီးဟာ နေ့လည်စာစားပြီး နောက်မှာတော့ စိတ်ပြေသွားသည်။ ထို့နောက် ရှန်ချောင့်ကို မတွေ့၍မေးလိုက်သည်။ဒီနေ့ ‌ရှန်ချောင်ရဲ့ သဘောထားက အလွန်ရှင်းလင်းနေသည်ကို မြင်ခဲ့ရသည်လေ။

"ချောင်အာက.."

ကျောက်လျန်က မပြောခင်တုံ့ဆိုင်းနေသည်။ ထို့နောက်မျက်ရည်သုတ်ကာ ဆက်ပြောသည်။

"အဲ့ဒီငတုံးမလေးက အခြေအနေကို နားမလည်ဘူး၊ ဧကရာဇ်ကိုယ်တိုင် လက်ထပ်ခွင့်ပြုထားတယ်လို့ ပြောပြလည်း နားမထောင်ဘူး အမေ"

ဖုံးကွယ်လည်း မထူးတော့မယ့်တူတူ ရှင်းပြလိုက်တာ ပိုကောင်းသည်ဟု ကျောက်လန်တွေးမိ၏။ ချင်ဖင်းမြို့စားက တော်ဝင်မျိုးနွယ်ဖြစ်ပြီးရုပ်ချောတာက လွဲရင် တခြားဘာကောင်းတာရှိလို့လဲ? သူ့သမီးက ဘာကြောင့် ခေါင်းကြောမာရသလဲ နားမလည်ချေ။

"နင်အစကတည်းက သိနေပြီးသားလား"

ရှန်ချောင်က မင်းသမီးရဲ့ အလှူပွဲမှာ ဟိုကောင်ကို   ရေထဲတွန်းချတာ မထူးဆန်းတော့ဘူး၊ လက်ထပ်ခွင့်မိန့်ကျတော့လည်း ရှန်လျန်က အလိုက်သင့်လက်ခံလိုက်ချိန်တုန်းက ရှန်ချောင်က ပေါက်ကွဲခဲ့သေးသည်။ ရှန်ချောင်က ထိုတိရစ္ဆာန်ကြောင့်အကြိမ်ကြိမ် အခန်းထဲက မထွက်ချင် ဖြစ်ခဲ့ရသည်။

ရှန်ချောင် လုပ်ခဲ့သမျှက သဝန်တိုခြင်းကြောင့်ဖြစ်မှန်း ခုမှ သိ၏။ ဖေးယွမ်ရွှင်းက ထိန်းချုပ်ချင်တိုင်းထိန်းချုပ်လို့ရမယ့်လူမှ မဟုတ်တာ။

"အမေ့ကို ဖုံးကွယ်ထားဖို့ အစီစဉ်မရှိပါဘူး၊ ကျွန်မလည်း သိသိခြင်း လန့်သွားတာ၊ ‌ချောင်အာက နောက်ထပ် ပြဿနာမရှာတော့ဘူးလို့ ကတိပေးလို့သာ ၊ မြို့စားမင်းနဲ့ ထပ်မတွေ့ရင် တဖြည်းဖြည်းမေ့သွားမယ်လို့ ထင်ခဲ့တာပေါ့၊ ဘယ်သူက သိမှာလဲရှင်"

အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)Where stories live. Discover now