ch-75 တဖြည်းဖြည်း နီးကပ်လာပြီ

3.5K 532 12
                                    

'တဖြည်းဖြည်း နီးကပ်လာပြီ'

ဒီရက်တွေမှာ  ကလေးရဲ့အသက်၊ ကလေးအကြောင်းတစ်ခုမှ စုံစမ်းမရတာကြောင့်
တုံးလင်အိမ်တော်တစ်ခုလုံး ကောင်းစွာ မအိပ်နိုင်၊ မစားနိုင် ဖြစ်နေကြရ၏။ ကလေးကို ရှန်
လျန်က မွေးစားမယ်ဆိုတာ တစ်ခုပဲ သိကြပြီး
ရှန်လျန်ဟာ ကလေးအတွက် သူ့ခြံဝန်းကိုတောင် ထပ်ချဲ့ခွင့်ရလိုက်သေး၏။  သူမွေးလာပြီး ခုအရွယ်ထိ ရှန်ရွေ့ထင် သူ့အတွက်ညှိနှိုင်းပေးတာ ဘယ်တုန်းက ရှိဖူးလို့လဲ? ဒါပေမယ့် သူ လုပ်နိုင်သွားတယ်....

ရှန်‌ေရွ့ထင်ဟာ အိမ်အသုံးစရိတ်ကို ထုတ်သုံးစေရုံတင်မက အနောက်ဆောင်တွေအား ယာယီကြီးကြပ်နေတဲ့ ကျောက်လန်ဆီကပါ ငွေတစ်ချို့ယူပြီး ရှန်လျန်ကိုထပ်ပေးသေးသည်။ ထိုမျှမကသေး.. ကလေးသတင်း ပျံ့နှံ့သွားစေဖို့ လုံးဝခွင့်မပြုကြောင်း မှာကြားလေရာ အားလုံးကို ထိတ်လန့်သွားစေသည်။ ရှန်ရုထင်အကြောင်း နှစ်ပေါင်းများစွာ သိကျွမ်းခဲ့တဲ့ သခင်မကြီးပင် ဆွံ့အသွားသည်။ လူတိုင်းပြောနေကြသလို ကလေးက ရုန်‌ေရွ့ထင် အပြင်မှာ တရားမဝင်မွေးထားတဲ့ကလေး ဖြစ်နေမလား... ဒါကြီးက အဓိပ္ပာယ် သိပ်မရှိဘူး... ဘာလို့ဆို ရှန်လျန်က လက်မှ မထပ်ရသေးတာ ကလေးပျိုးထောင်ခိုင်းလို့ ဖြစ်လို့လား?

အတင်းအဖျင်းတွေ မည်သို့ပြောနေကြပါစေ ရှန်လျန်က နောက်တစ်နေ့ကစပြီး စောစောထကာ အလုပ်တွေရှုပ်နေတော့သည်။ အချိန်ကုန်သက်သာစေရန်အတွက် လေ့ကျန်းက အရိပ်တပ်ဖွဲ့မှ ဆောက်လုပ်ရေးနည်းပညာရှင် အယောက် နှစ်ရာကျော် ကို ခေါ်ချလာသည်။ နေ့တစ်ဝက်မကျိုးခင်ပင် အမြင့်နှစ်မီတာအထက် ရှိသော နံရံကြီးသုံးခုက ကျုံးလင်ခြံဝန်းနဲ့ တုံးလင်အိမ်တော်ကြားစိုက်ထူခံလိုက်ရသည်။  နံရံကြီးပေါ်က ကြွေချပ်အကွဲစတွေဟာ သူခိုးတွေကို ကာကွယ်ပေးဖို့ သင့်တော်လှ၏။

ငါးရက်ခန့်ကြာပြီးနောက် လူပေါင်းနှစ်ရာကျော်၏ အားသွန်ခွန်စိုက် ကြိုးစားတည်ဆောက်မှုကြောင့် ကြွေပြားခေါင်မိုးနဲ့ ဆောက်လုပ်ထားတဲ့ အိမ်သုံးဆောင် က ခြံဝန်းနေရာလွတ်မှာ ဝုန်းခနဲ ပေါ်ထွက်လာသည်။ အလယ်ခေါင်မှာတော့ ဥယျာဉ်ခြံ တူးဖော်လိုက်ပြီး မူလရှိနေတဲ့ ပန်းခြံငယ်လေးက ပြုပြင်မွမ်းမံခံလိုက်ရ၏။ ကျုံးလင်အိမ်သစ်ကြီးဟာ တုံးလင်အိမ်‌တော်ရှိ
ရှိ တစ်ခြားအိမ်တော်တွေထက် အ‌ဆောင် အယောင်အပြင်အဆင်သည် အနည်းငယ် သော်မျှ နိမ့်ကျမနေပေ။ လှပတောက်ပြောင်နေရုံသာမက ကြီးမားစွာတည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် အိပ်ခန်းများစွာ ဖွဲ့ထားသေးသည်။ ထို့အပြင် အဆိပ်နဲ့ဆေးပညာကို လေ့လာစမ်းသပ်ရန်အတွက် ကိုယ်ပိုင်ဓာတ်ခွဲခန်းပင် ရှိသေး၏။

အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)Where stories live. Discover now