ချစ်ခြင်းမေတ္တာက ထိန်းချုပ်လို့မရဘူး
ချင်ပြည်ထောင်မှာ အချမ်းသာဆုံးမိသားစုဖြစ်တဲ့ မုရုန်အိမ်တော်က မြို့လယ်မှာ တည်ရှိပေမယ့် တောင်ဘက် ဧရိယာမှာလည်း တစ်ခု ရှိသည်။ အိမ်အကျယ်အဝန်းက မည်သည့် အရာရှိ၊အရာခံထက်မနိမ့်ပဲ ဇိမ်ခံ ပစ္စည်းတွေ ဆိုတာ လည်း အများနဲ့ ယှဉ်လို့ရသည်။ ထိုမိသားစုက မည်မျှထိ ကြွယ်ဝလဲ မည်သူမှ မသိ.. လူတိုင်းသိသည်က ထိုမိသားစုမှာ ငွေက မပြတ်လပ်သွားနိုင်ခြင်းပင်။
မျိုးဆက်အဆင့်ဆင့်ကြွယ်ဝခြင်းသာ ရှိသည်ကိုက ပြဿနာ ဖြစ်နေသည်။ ဆိုရလျှင် လက်ရှိ
မုရုန်မိသားစုက ဥပမာပြလို့အကောင်းဆုံးဖြစ်၏။"သခင် .. အကြွေးတောင်းဖို့ဆိုပြီး လူတစ်ယောက် အပြင်မှာ ရောက်နေပါတယ်.. လဝက်အချိန် ကျပြီလို့လည်းစကားပါးခိုင်းလိုက်ပါသေးတယ် အဲ့လိုပြောရင် သခင်သဘောပေါက်မှာပါတဲ့"
သွေးနီရောင်ကျောက် အသုံးပြုပြီးကတည်းက သူ့ဇနီးရဲ့ အခြေအနေက ပိုပိုဆိုးလာသည်။ သူအနားယူနေတဲ့အချိန် သူ့ဇနီးသည် ပျောက်ကွယ်သွားမှာကို စိုးရိမ်ပြီး တစ်နေကုန် စောင့်ကြည့် ရသဖြင့် မုရုန်ဟိုင်လည်း စိတ်ဆင်းရဲကာ လျင်လျင်မြန်မြန် အိုစာသွား၏။ အိမ်တော်ထိန်းရဲ့ သတင်းပေးမှုကိုကြားပြီး နီရဲနေသည့် မျက်လုံးတစ်စုံနဲ့ မုရုန်ဟိုင်ခေါင်းမော့လာသည်။
"လဝက်လား?"
"အဖေ... အဲ့တာ ရှန်လျန် ထင်တယ်"
မမှတ်မိပုံရတဲ့ သူ့အဖေကို သားကြီး မုန်ရုန်ယွိက သတိပေးလိုက်၏။ မုရုန်ကျန်းသည် ဒုတိယ အစ်ကို မုရုန်အန်းရဲ့ လက်မောင်းထဲ ခိုဝင်ပြီး အသံတိတ် ငိုနေသည်။
"ဪ အဖေ အကုန်ပြင်ထားပြီးပါပြီ"
နောက်ဆုံးတော့ မှတ်မိသွားပြီး မုရုန်ယွီကို အားအင်ချိနဲ့စွာ ပြန်ဖြေလိုက်သည်။ ခေါင်းပြန်လှည့်ပြီး မုရုန်ယွီ တင်းကြပ်စွာ ဆုပ်ကိုင်ထားတဲ့ သူ့ဇနီးသည်ကို ပြန်ကြည့်ကာ ထိုင်ငေးနေပြန်သည်။ သမားတော်က သူ့ကို မနှောင့်ယှက်မိစေဖို့ သတိပေးသည်။မုရုန်ဟိုင်ဘဝမှာ ခက်ခဲ ပင်ပန်းမှုတွေ မရေမတွက်နိုင်အောင် ကြုံခဲ့ရပေမယ့် ယခုအခြေအနေလောက် စိတ်မပင်ပန်းဘူးဟု ဆိုနိုင်သည်။ မျက်ခုံးတစ်ချက်မကြုံ့ပဲ နေခဲ့သူက ယခုတော့ ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားပြီး လန့်လန့်နိုးသည်အထိ။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Ficción históricaCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .