ch141တော်ဝင်အမိန့်တော် ရောက်ရှိလာခြင်း

3.1K 453 24
                                    

'တော်ဝင်အမိန့်တော် ရောက်ရှိလာခြင်း'


"တော်လောက်ပြီ!"

ရှန်ရွေ့ထင် သည်းမခံနိုင်တော့ပဲ မာန်မဲလိုက်သည်။

"လျိုရှုဟန် မင်းနဲ့ နောက်မှစာရင်း ရှင်းမယ်၊ ကောင်စုတ်လေးလို့ ‌ခေါ်တာ ငါမကြားမိစေနဲ့၊ ထပ်ကြားခဲ့ရင် မင်းကို မယားငယ်ရာထူးချပစ်မယ်"

  အမှတ်တမဲ့ ပြောထွက်လိုက်တဲ့ စကားသုံးလုံးက ဒီလောက်ထိ ဖြစ်သွားမယ် မထင်ထားတာကြောင့် လျိုရှုဟန်က ပါးနှစ်ဖက်မှာ မျက်ရည်တွေ အတိုင်းအဆမရှိ စီးကျနေလျက်က ထိုင်ခုံမှာ အသက်မဲ့စွာ ထိုင်ချလိုက်သည်။ မိခင်ဖြစ်သူ အနိုင်ကျင့်ခံနေရတာကိုတွေ့တဲ့အခါ ရှန်ချန်က မျက်ရည်တွေ သုတ်လိုက်သည်။ ရှန်လျန် အိမ်ပြန်ရောက်ကတည်းက အဖေက အရင်လိုမဟုတ်တော့ပါ၊ တဖြည်းဖြည်း ဖခင်ကို ပို မုန်းလာမိတော့သည်။

"ပြီးတော့ မင်းရောပဲ.. မင်းဖေဖေ မရှိတော့တာလဲ ကြာလှပြီ ၊အရမ်း ဆတ်ဆတ်ထိမခံ မဖြစ်နဲ့"

"ဆုံးသွားတဲ့သူက အဖေ ချစ်တဲ့သူ မဟုတ်လို့လား"

"ပါးစပ်ပိတ်ထား!"

ထိုစကားလုံးကို ရှန်ရွေ့ထင် မခံစားနိုင်၊ ရှန်လျန်လည်း အဆုံးထိ မီးပူကိုတုတ်နဲ့ မထိုးဖြစ်ခဲ့။

"ကောင်းပြီ၊ မပြောနဲ့ ဆိုလည်း မပြောဘူးပေါ့၊ တစ်ခုတော့ အသိပေးလိုက်မယ်၊ အဖေ့သမီး လုပ်ခဲ့တဲ့ ညစ်ညစ်ပတ်ပတ်ပြဿနာထဲ ကျွန်တော့်ကိုဆွဲမထည့်နဲ့၊ သူနဲ့ ရှန်ကျင်း မနေ့နေ့လည်က စတုတ္ထမင်းသားရဲ့ အရှေ့နားနေဆောင်ဆီ သွားခဲ့တာ ဘယ်သူ မသိလို့လဲ၊ သုံးယောက်သား ပျော်ပျော်ရွှင်ရွှင်ကြီး စကားပြောခဲ့ကြတာပဲလေ၊ ညီအစ်မနှစ်ယောက်  အတူတူပူးပေါင်းပြီးမှ မတရားခံရပါတယ် အော်နေတယ်၊ သူခိုးက လူပြန်ဟစ်နေတာ ရယ်ချင်စရာကြီး"

ရှန်ချန်နဲ့ ရှန်ကျင်းရဲ့ အရှက်မရှိ မြူစွယ်ပုံက်ို မသိကြမှာစိုး၍ တစ်လှေထဲ ဖြစ်သွားအောင် အကုန်ဆွဲပြောရင်း ကူညီပေးလိုက်သည်။

"ရှန်လျန် တိတ်စမ်း! "

  ရှန်ချန်၊ရှန်ကျင်းသာ မက ဖခင်ရှန်ညီအစ်ကိုနှစ်ဦးလည်း ဒေါသထွက်လာသည်။ သို့ရာတွင်  မှားယွင်းသည့် အကြံဉာဏ်ပေးသူ ရှန်အဖွားအိုက အဓိက ပံ့ပိုးပေးသူဖြစ်ပြီး တစ်မိသားစုထဲကဆိုတာကိုသူတို့မေ့သွားပုံရ၏။

အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)Where stories live. Discover now