ch-78 ချီယွဲ့ ဝမ်းနည်းနေသည်။ မြို့စားမင်း ရောက်လာပြီ'

3.2K 543 25
                                    

'ချီယွဲ့ ဝမ်းနည်းနေသည်။

မြို့စားမင်း ရောက်လာပြီ'

"ဦးလေးဖု ကျွန်တော် တစ်ကယ် ခံစားရတယ်"

ချီယွဲ့ မျက်ရည်တွေ ကျလာပြန်သည်။

"ရှောင်ရွှမ်းနဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက မိဘဆွေမျိုးမရှိကြတော့ဘူး... အကြီးဆုံးသခင်လေးက ခေါ်လာကျွေးထားတာပါ... အဲ့ဒီအချိန်ကဆို လျန်လျန့်အသက်က ၅နှစ် ၊၆နှစ်လောက်ပဲ ရှိသေးတယ်.. သေးသေးလေးနဲ့ ချစ်စရာအရမ်းကောင်းတာ..

ကျွန်တော်တို့လည်း မြင်မြင်ချင်း နူးညံ့၊သိမ်မွေ့ ရှက်ကြောက်တတ်တဲ့ ညီလေး ပိစိလေးကို ချစ်သွားတာပေါ့.. အကြီးဆုံးသခင်လေးက ကျွန်တော်တို့တစ်ဘဝလုံး လျန်လျန့်ကို ဂရုစိုက်ပေး၊ ကာကွယ်ပေးဖို့တောင်းဆိုလာတော့ လုံးဝမတွေဝေပဲ ကတိပေးခဲ့ကြတယ် ။ အဲ့လိုနဲ့ လျန်
လျန် ရုန်းကန်ကြီးပြင်းလာတာကို မြင်ရတဲ့ အနီးကပ်လူတွေ ဖြစ်ခဲ့တာ..

အဲ့ဒီမှာပဲ လွန်ခဲ့တဲ့ ငါးနှစ်က သခင်ကြီးက လျန်လျန့်ကို နယ်စွန်နယ်ဖျားပို့ပစ်လိုက်တော့ လျန်
လျန်လေ တစ်ညလုံး‌ငိုတာ ဖြူဖျော့ ပြာနှမ်းနေတာပဲ... အဖျားတွေကြီးပြီး ကယောင်ကတမ်းပြောတဲ့အထိပဲ... နှစ်လ သုံးလလောက်ကြာမှ နေသားကျသွားရှာတာ... သခင်မက လုံးဝလှည့်မကြည့်ဘူး...ကျွန်တော်တို့ဘာသာ အလုပ်ကြမ်းတွေ သိမ်းကြုံးလုပ်ပြီး ရုန်းကန်ခဲ့ရတာ.. လျန်
လျန်ဆို ရင် အဲ့ဒီအရွယ်ထိ  အကြီးဆုံးသခင်လေးရဲ့ကာကွယ်ပေးတာကိုပဲ ခံခဲ့ရတာကြောင့် ပင်ပန်းဒဏ် မခံနိုင်ပဲ ရက်နည်းနည်းပဲရှိသေးတယ်.. သူ့လက်တွေ ပေါက်ပြဲ ပါလေရောလား...

အတိတ်ကို ပြောပြရင်း ချီယွဲ့ စိတ်မကောင်းဖြစ်ကာ ရှိုက်ကာရှိုက်ကာငိုလေ၏။  ဖုရင်လည်း ပခုံးလေးကိုပုတ်ကာ နှစ်သိမ့်ပေးရင်း စိတ်မကောင်းလှ။ချီယွဲ့က  တစ်ခဏအကြာမှ ဆက်ပြော၏။

"ရှောင်ရွှမ်းနဲ့ ကျွန်တော်က စိတ်မကောင်းလွန်းလို့  ကလေးထိန်း ရဲ့နောက်ကွယ်မှာ အလုပ်တွေ သွားခိုးလုပ်ရတာမှ တစ်နေကုန်တနေခမ်း အစားမစားရေမသောက်ပဲ လုပ်ကြတာ.. လျန်လျန်က သူတစ်ပါးကို ဘယ်လောက်ထိတွေးပေးတတ်လဲ ပြောပြမယ်.. ညဘယ်လောက် နက်နေပါစေ ကျွန်တော်တို့ပြန်လာရင် ခြေလက်ဆေးဖို့ ရေနွေးပြင်ပေးထားတယ်.. စားဖို့ အစားအစာ ချန်ပေးထားတယ်.. သူပြောတာ သူက ဘာမှ မလုပ်တဲ့သူမို့လို့ နည်းနည်းပဲစားသင့်တယ်...ကျွန်တော်တို့က ပိုစားရမယ်တဲ့! ဦးလေးဖု‌ရယ် ကျွန်တော်တို့က အစေခံတွေပါ .. ဘယ်သခင်က အစေခံအတွက် သူ့ဝေစုကို ခွဲပေးတာ ရှိလို့လဲ ကြားရောကြားဖူးလား...
လျန်လျန်က အရမ်းဂရုစိုက်ပေးတတ်ပြီး စိတ်ထားကောင်းတဲ့သူ... ဘယ်လိုလုပ် ကျွန်တော်တို့ကို ကောင်းကောင်း ဆက်ဆံပေးနိုင်ရတာလဲ?"

အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)Where stories live. Discover now