ch-84 အကြီးဆုံးအ‌ဒေါ်

3.5K 505 10
                                    

'အကြီးဆုံးအဒေါ်'


ရာသီဥတုက ကောင်းမွန်သည့်ဘက် ရောက်မနေပဲ မိုးကဆက်လက်ရွာသွန်းမြဲပင်။ တိမ်တိုက်ကအုံ့မိုင်းနေပြီး အတော်လေး ဆိုးရွားနေသည်။ဝမ်ယွဲ့ ရေကာတာပြိုကျသွားမည်ကို စိုးရိမ်နေတာကြောင့် ပြည်သူများအားလုံးရင်တထိတ်ထိတ်နှင့်ပင်။ ထိုသို့ဖြစ်နေသော်လည်း ရှန်လျန်က မည်သို့မှ မလုပ်‌ပေးနိုင်ပါ၊ လင်းကြက်တွန်ချိန်ထိ စိတ်ပူကာ အိပ်မပျော်နိုင်ဖြစ်နေပြီး မိုးမလင်းခင် လေ့ကျန်းက အတင်းအိပ်ခိုင်းမှသာ ရှန်လျန် နောက်ဆုံးတော့ မျက်ဝန်းပိတ်လိုက်၏။ ပြန်နိုးလာတော့ အချိန်က နေ့လည် 2နာရီ ရှိနေလေပြီ။

"လျန်လျန်... ‌အကြီးဆုံးအဒေါ် က တွေ့ခွင့်တောင်းနေပါတယ်"

*E/N မယားငယ်ထဲက တစ်ယောက်ပါပဲ... သူက ဦးဆုံး မယားပေါ့! အားလုံးထက် စီနီယာကျတယ်.. ဒါပေမယ့်တရားဝင် မယားမဟုတ်တာပါ၊လျိုရှုဟန်က လက်ရှိ တရားဝင်ပထမဇနီး...ဒါကြောင့် ဒီဝတ္ထုမှာ လျိုရှုဟန်ကို အမေ လေး လို့သုံးပါတယ်။

နောက်ကျမှနိုးလာရသော်လည်း ရှန်လျန် လေ့ကျန်းအား အပြစ်မတင်လိုက်ချေ။ စားသောက်ပြီးစီးသည်နှင့် လေ့ကျန်းပြန်ပြောပြသည်အား နာရီအနည်းငယ် နားထောင်လိုက်ရပြီးနောက် ပြန်အိပ်ပျော်တော့မတတ်ပင်။ ညီလာခံမကျင်းပမီကဖြစ်စေ၊ ကျင်းပပြီးဖြစ်စေ အားလုံးကစီစဉ်ထားသည့်အတိုင်းပင် ဖြစ်လာ၏။

ချီယွဲ့ ဝင်လာသည့်အချိန်သည် ဝမ်ယွမ်က ရာထူးဖြုတ်ခံရသည့်‌ ကိစ္စနှင့် ဧကရာဇ်က မင်းမှုထမ်းစာမေးပွဲအားပြန်လည် စိစစ်ရန် အမိန့်ချမှတ်ခဲ့သည့်ကိစ္စအားတင်ပြနေချိန်ဖြစ်၏။

"အကြီးဆုံးအဒေါ်လား... သူဘာကိစ္စနဲ့ လာတာလဲ"

လေ့ကျန်းအား ခဏရပ်စေပြီး ရှန်လျန် သုန်မုန်ကာပြော၏။

အဲ့မိန်းမက သူ့ကိုအမုန်းဆုံးမဟုတ်ဘူးလား....

"လာရင်းကိစ္စတော့ သေချာ မသိပါဘူး... လျန်လျန်နဲ့ လူကိုယ်တိုင်တွေ့ပြီး ပြောစရာရှိပါတယ်တဲ့"

မနေ့ကမှ တံခါးပိတ် ဆုတောင်းနေသေးသည်ကိုရေကာတာ သတင်းကြားသည်နှင့်  ရှန်လျန်နှင့် တွေ့ရန် အလောတကြီး ရောက်လာသည်။ ချီယွဲ့က သူမရဲ့ရည်ရွယ်ချက်ကို မသိလို့သာ ရှန်လျန့်ဆီ လာမေးလိုက်ခြင်းဖြစ်၏။

အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)Where stories live. Discover now