'သခင်မကြီးစွန့်ပစ်ခံရပြီ'
"အဖိုး စိတ်ချပါ၊သူတို့ကို ဒီတိုင်း သေခိုင်းလိုက်ဖို့ က မတန်ဘူး၊ ကျွန်တော် စဉ်းစားထားတာ ရှိပါတယ်"
ရှန်လျန်ရဲ့ မျက်ဝန်းအိမ်ထဲ သွေးအေးခြင်းတွေ ထင်ဟပ်နေသည်။ လွယ်လွယ်နဲ့ သတ်လိုက်လို့ ဘယ်ဖြစ်မလဲ။
"ကောင်းပြီ..မြေးငယ်လေးက ဒီလောက်ထိ တွေးထားမှတော့ အဖိုး ဝင်မရှုပ်တော့ဘူး"
အဖိုးဝေက သူ့အား လေးနက်စွာကြည့်ပြီးနောက် ဇနီးလက်ကို ဆွဲကာ ထစေသည်။
"ပြန်ကြစို့၊ ကလေးတွေ ပင်ပန်းနေပြီ၊ ရေမိုးချိုး နားပါစေ၊ နောက်လည်း တွေ့ရဦးမှာပဲကို"
"ငါ့သားက ခုမှပြန်လာတာလေ..နောက်တစ်ခေါက် ပြန်ပျောက်သွားရင် ဘယ်လိုလုပ်မလဲ"
ဝေသခင်မက သားငယ်၏ဆံပင်ကို ကြင်နာစွာ သပ်တင်ပေးပြီး လက်ကိုအုပ်ကိုင်ကာ မျက်ရည်တဝေ့ဝေ့နှင့်ဆိုသည်။
"ဖေ့သားလေး.. မင်းရဲ့သားတွေက အရွယ်ရောက်လာကြသလို.. အဖေတို့လည်း အသက်ကြီးလာကြပြီ၊ သားလည်းတနေ့ကျ ဆံပင်အမဲရောင်ကနေ အဖြူရောင် ဖြစ်လာမှာ၊ လူတိုင်း တနေ့သေရမှာ ဆိုပေမယ့် အသက်ရှင်နေတုန်း အချိန်မှာ ကျန်းကျန်းမာမာနဲ့ နေထိုင်သွားရမယ်နော်၊ အဖေ ပြောတာ သဘောပေါက်လား"
ဝေသခင်က သားငယ်ကို နားဝင်အောင် ပြောသည်။ သူ့အသက်အရွယ်အရ ကြုံတွေ့ခဲ့ ပေါင်းများလေပြီ၊ လျိုရှုဟန် အပြစ်ခံသွားရတာနဲ့ သားငယ်ရဲ့စိတ်က တင်းထားသမျှ လျော့ကျသွားသည်ကို ခံစားမိလိုက်လို့ ထိုစကားမျိုး ပြောရခြင်းပင်။
"အူး..."
အသက်ဆက်ရှင်ချင်စိတ် လျော့ကျသွားသော ဝေကျစ်ချန်က မျက်ရည်ဝဲလာသည်။ ဟုတ်၏ ၊သူ တစ်ကိုယ်ကောင်း ဆန်မိသွားသည်။သူ့အား ဒုက္ခပေးခဲ့သူတွေ တန်ရာတန်ရာ ပြန်ပေးဆပ်သွားခဲ့ပြီး တဒင်္ဂ.. သူသည်လည်း အသက်ဆက်ရှင်ချင်စိတ် ပျောက်ဆုံးသွားခဲ့သည်။
သူမေ့သွားခဲ့သည်မှာ မိဘနှစ်ပါးက အသက်အရွယ်ရလာပြီဖြစ်ပြီး သား၏ နှစ်ခါပြန် နာရေးကို မည်ကဲ့သို့ ခံနိုင်ရည် ရှိပါမည်နည်း၊ တာ့အာနဲ့ လျန်လျန်ကလည်း ဖခင်မေတ္တာငတ်မွတ်စွာနဲ့ ကြီးပြင်းခဲ့ရရှာတာ... အကုန်လုံးကို ဒီတိုင်းထားခဲ့လိုက်လို့ မရလေဘူး။
YOU ARE READING
အဆိပ်ပြင်းသော ကြင်ယာတော်၏ ပြန်လည်မွေးဖွားလာခြင်း (BL)
Historical FictionCh197ကစပြီး book 2 ဖြစ်သွားပြီနော် Author 颜若优雅 Ch-551,extra 8 To original uploader.... Not my own and sorry for this, I'm just sharing...the novel. . .